
Cybertruck ကို ကုန်း၊ ရေနှစ်သွယ်သွား ယာဉ်ဖြစ်စေမယ့် Cybercat
Cybertruckု ဆိုတာကတော့ အီလွန်မက်ရဲ့ တက်စလာမော်တော်ကား ကုမ္ပဏီ ထုတ် လျှပ်စစ်စွမ်းအင်အသုံးပြု လမ်းကြမ်းသုံး မော်တော်ကားအမျိုးအစား တစ်မျိုးဖြစ် ပြီး အထူးသဖြင့်တော့ သူမတူတဲ့ သူ့ရဲ့ပုံပန်း သဏ္ဌာန်ကြောင့် လူသိများပါတယ်။
ဒီလိုလူသိများလှတဲ့ Cybertruckကိုမှ ကုန်း၊ ရေနှစ်သွယ်သွားယာဉ်အဖြစ် ပြောင်းလဲသွားစေမယ့် အရာကတော့ Cybercat ပါပဲ။
Cyberfoil ဆိုတာ ဆီယက်တဲပြည်နယ် အခြေစိုက် တက်သစ်စ ကုမ္ပဏီတစ်ခုဖြစ်ပြီး Cybertruck အတွက် သူတို့ဖန်တီးထုတ် လုပ်ထားတဲ့ ကိရိယာက Cybertruck ကို ကုန်း၊ ရေနှစ်သွယ်သွား ယာဉ်အဖြစ် ပြောင်းလဲ စေတာဖြစ်ပါတယ်။
သူတို့ထုတ်လုပ်ထားတဲ့ အရာကတော့ Cybertruck ကို နှစ်စင်းတွဲ ရွက်လှေပုံစံအဖြစ်သော် လည်းကောင်း၊ လျှောပြေးရေယာဉ်အဖြစ်သော် လည်းကောင်း ပုံစံ နှစ်မျိုးနဲ့ အသုံးပြုနိုင်စေမှာပါ။
Cybertruck ကို လက်ရှိအချိန်မှာ အမြောက်အမြား မထုတ်လုပ်ရသေးပေမယ့်လည်း ကုမ္ပဏီ အများအပြားက Cybertruck ကို အကြောင်းပြုလို့ သူတို့အတွက် အမြတ်အစွန်းများစေမယ့် စီမံကိန်းတွေကို အကောင်အထည် ဖော်နေကြပါတယ်။ အဲဒီကုမ္ပဏီတွေထဲမှာ Cybercat လည်း အပါအဝင်ဖြစ်ပါတယ်။
Cybercat ကုမ္ပဏီက Cybertruck အတွက် ထုတ်လုပ်ထားတဲ့ ဆက်စပ်ပစ္စည်း နှစ်မျိုးရှိပါတယ်။ တစ်ခုက Cybercat ဖြစ် ပြီး နောက်တစ်ခုက Cyberfoil ဖြစ်ပါတယ်။
အဲဒီဆက်စပ်ပစ္စည်း နှစ်မျိုးအနက် Cybercat က Cybertruck ကို ကုန်း၊ ရေ နှစ်သွယ်သွား ယာဉ်အဖြစ် ရှုမြင်စေအောင် တချို့သော အရာဝတ္ထုတွေနဲ့ တွဲစပ်သွားမှာ ပါ။
Cyberfoil ဆိုတာကလည်း Cybercat လိုပဲ အလားတူ စွမ်းဆောင်ပေးနိုင်မှာဖြစ် ပေမယ့် သူကတော့ Cybertruck ကို လျှောပြေးရေယာဉ် တစ်စင်းကဲ့သို့ဖြစ်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။
Cybercat ကုမ္ပဏီက သူတို့ရဲ့ဆက်စပ် ပစ္စည်းနှစ်မျိုးအတွက် ဈေးသတ်မှတ်ချက် ကိုလည်း သူတို့ရဲ့ ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၂၉ဝဝ ကနေ ၃၂၉ဝဝ ကြားရှိမှာဖြစ်ပြီး ကိုယ်တတ်နိုင်တဲ့ ငွေကြေးပမာဏနဲ့ လိုက် လျောညီထွေရှိမယ့် ရွေးချယ်မှုမျိုးကို ပြုလုပ် နိုင်မှာပါ။
အဲဒီဆက်စပ်ပစ္စည်းတွေဟာ Cyber-truck ကိုတင်ပြီး ရေပေါ်မှာ သွားလာနိုင်စေဖို့ ၅ဝ ကီလိုဝပ်ရှိတဲ့ မော်တာတွေကို အသုံးပြု ထားပါတယ်။
ဒါ့အပြင် ဝယ်ယူသူတွေ အနေနဲ့ မြင်းကောင်ရေ ၃၃၅ ကောင်အားအထိ ရရှိလို တယ်ဆိုရင်လည်း နောက်ထပ် မော်တာ ငါးလုံးအထိကို ဝယ်ယူတပ်ဆင်နိုင်ပါသေး တယ်။
Cybercat ရဲ့ဆက်စပ်ပစ္စည်းတွေက အမြင့်ဆုံးမြန်နှုန်းအဖြစ် တစ်နာရီကို ၂၅ မိုင်နှုန်းနဲ့ သွားနိုင်စေမှာဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ရေမိုင် ၄၄ မိုင်(မြေပြင်မိုင် ၁၁၅ မိုင်)အထိ ရောက်ရှိနိုင်စေပါလိမ့်မယ်။
အခုလို Cybertruck အနေနဲ့ ရေပေါ်သွားစေနိုင်မယ့် ဆက်စပ်ပစ္စည်း ထွက်ပေါ်လာခြင်းဟာ အီလွန်မက်ရဲ့စိတ်ကူးတွေ အများကြီး ပါဝင်ပါတယ်။
အီလွန်မက်ဟာ ဂျိမ်းစဘွန်းဇာတ်ကား တစ်ကားဖြစ်တဲ့ '' The Spy Who Loved Me'' ဇာတ်ကားထဲက ရေငုပ်ကားပုံစံကို နမူနာယူပြီး သူ့ရဲ့ Cybertruck ကို ကုန်း၊ ရေနှစ်သွယ်သွား ယာဉ်အဖြစ်အသုံးပြုနိုင် စေဖို့ စိတ်ကူးရှိထားသူဖြစ်တယ်ဆိုတာ Cybercat နဲ့ Cyberfoil တို့က သက်သေ ပြနေပါတယ်။