တရုတ်အစိုးရက ဒေသခံသုံးသန်းခွဲရှိသည့် ပိုင်ဆူးမြို့ကို လော့ဒေါင်းချ

တရုတ်အစိုးရက ဒေသခံသုံးသန်းခွဲရှိသည့် ပိုင်ဆူးမြို့ကို လော့ဒေါင်းချ

တရုတ်အစိုးရသည် နိုင်ငံ၏ အနောက်တောင်ပိုင်း နယ်စပ်ဒေသဖြစ်သော ပိုင်ဆူးမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကို    ထိန်းချုပ်သည့် အနေဖြင့်  ဒေသခံပြည်သူ သုံးသန်းခွဲရှိသော ထိုမြို့ကို လော့ဒေါင်းချလိုက်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၇ ရက်တွင် ချလိုက်သော လော့ဒေါင်း သတ်မှတ်ချက်အရ မလိုအပ်ဘဲ ခရီးသွားခြင်းမပြုရန်နှင့်   နေအိမ်၌သာ  နေထိုင်ရန် တာဝန်ရှိသူများက တောင်းဆိုထားသည်။

ဗီယက်နမ်နိုင်ငံနှင့်  နယ်စပ်ဖြစ်သည့် ကွမ်းရှီးဒေသရှိ ပိုင်ဆူးမြို့၌ ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်တွင်းကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုကိုတွေ့ရှိပြီးနောက် တာဝန်ရှိသူများက မြို့ကို လော့ဒေါင်းချလိုက်ခြင်း ဖြစ်သည်။ အဆိုပါရောဂါပိုး ကူးစက်ခံရသူသည် နှစ်သစ်ကူး အားလပ်ရက်အတွက် နေအိမ်သို့ ပြန်လာသူဖြစ်ကြောင်း ပိုင်ဆူးမြို့ တာဝန်ရှိသူများက ပြောသည်။