အင်ဒိုနီးရှား၌ အိုမီခရွန် ကူးစက်မှုမြင့်တက်လာ၊ အစိုးရက ဂျာဗားနှင့် ဘာလီတို့တွင် သွားလာမှု တင်းကျပ်

အင်ဒိုနီးရှား၌ အိုမီခရွန် ကူးစက်မှုမြင့်တက်လာ၊ အစိုးရက ဂျာဗားနှင့် ဘာလီတို့တွင် သွားလာမှု တင်းကျပ်

အင်ဒိုနီးရှားနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး လျင်မြန်စွာ ကူးစက်ပျံ့နှံ့ နေစဉ် အစိုးရက ဂျကာတာ၊ ဘန်ဒေါင်းနှင့် ဘာလီဒေသတို့တွင် သွားလာလှုပ်ရှားမှုကို ဒုတိယအမြင့်ဆုံးအဆင့်ဖြင့် တင်းကျပ်လိုက်ကြောင်း သိရသည်။

ထိုကန့်သတ်ချက်များတွင် ဘာသာရေး နှင့် အခြားသော အများပြည်သူနှင့် သက်ဆိုင် သည့်နေရာများ၌ လူအင်အား ကန့်သတ်ခြင်းနှင့် ကုန်တိုက်များ၊ ဈေးဝယ်စင်တာများ နှင့် စားသောက်ဆိုင်များ ဖွင့်ချိန်ကိုလည်း လျှော့ချခြင်းတို့ ပါဝင်သည်။

အဆိုပါ ကန့်သတ်ချက်များကို အနည်းဆုံး သီတင်းပတ်တစ်ပတ်ကြာ အကောင် အထည်ဖော်မည်ဖြစ်ကြောင်း ဂျာဗားနှင့် ဘာလီ၌ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေး ဝန်ကြီး လူဟတ်ပန်ဂျိုင်တန်က ပြောသည်။

ထိုဒေသများ၌ ရောဂါပိုးနေ့စဉ် ကူးစက်သူ အရေအတွက်သည် ကနဦးကာလအတွင်း မြင့်တက်ခဲ့ကြောင်း လူဟတ်ပန်ဂျိုင်တန်က ဖေဖော်ဝါရီ ၇ ရက်တွင်ပြုလုပ်သော အွန်လိုင်းအစည်းအဝေး၌ ပြောသည်။

နိုင်ငံအတွင်း ရောဂါပိုး ကူးစက်ခံရသူ အရေအတွက်သည် တစ်ရက်လျှင်အယောက် ၂၈၅ဝဝဝ အထိမြင့်တက်နိုင်သည့်အတွက် အစိုးရအနေဖြင့် လူနာများအတွက် ဆေးရုံ ခုတင် အရေအတွက်ကို နှစ်ဆနီးပါးမြှင့်တင် နေကြောင်း သိရသည်။