ဟောင်ကောင်၌ ကိုဗစ်ရောဂါ ဖြစ်ပွားမှုမြင့်တက်နေစဉ် ပြည်သူများက ကုန်တိုက်များ၌ အလုအယက် တိုးဝှေ့ဝယ်ယူနေ

ဟောင်ကောင်၌ ကိုဗစ်ရောဂါ ဖြစ်ပွားမှုမြင့်တက်နေစဉ် ပြည်သူများက ကုန်တိုက်များ၌ အလုအယက် တိုးဝှေ့ဝယ်ယူနေ

ဟောင်ကောင်၌     ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမြင့်တက်နေစဉ်    ပြည်သူများက ကုန်တိုက်များ၌ အစားအသောက်များနှင့် လူသုံးကုန် ပစ္စည်းများကို    အလုအယက် တိုးဝှေ့ဝယ်ယူနေကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံရသူ အရေအတွက်  မြင့်တက်နေခြင်းကြောင့် တရုတ်ပြည်မကြီးနှင့် နယ်စပ်၌ အစားအစာ ပို့ဆောင်ရေး လုပ်ငန်းများ  ကစဉ့်ကလျားဖြစ်ပြီးနောက် ဒေသခံများ အနေဖြင့် ဖေဖော်ဝါရီ ၇ ရက်တွင် ကုန်တိုက်များနှင့် အသီးအရွက် ဈေးများ၌ တိုးဝှေ့ဝယ်ယူနေခြင်းဖြစ်သည်။

ဟောင်ကောင်၌ ဖေဖော်ဝါရီ ၇ ရက်တွင်  ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၆၁၄ ဦးဖြင့် စံချိန်တင်ကာ ထိုအရေအတွက်သည် ဟောင်ကောင်၏ ကိုဗစ်-၁၉ ရောဂါကင်းမဲ့ရေး မဟာဗျူဟာအတွက် အကြီးမားဆုံး စမ်းသပ်မှုဖြစ်လာသည်။

ဟောင်ကောင်ဒေသသည်   ဟင်းသီးဟင်းရွက်အတွက် တရုတ်ပြည်မကြီးအပေါ် အဓိက မှီခိုနေရကာ     အစားအစာ ၉ဝ ရာခိုင်နှုန်းကျော်ကို တင်သွင်းနေရသည်။

နယ်စပ်ဖြတ်ကျော်သော ကုန်တင်ယာဉ်မောင်း အချို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက် ခံရပြီးနောက် တရုတ် ပြည်မကြီးမှ    အစားအစာ ဝင်ရောက်မှု ပြတ်တောက်သည့် အခြေအနေနှင့်  ပတ်သက်၍မစိုးရိမ်ရန် ဟောင်ကောင် အစိုးရက ပြည်သူများကို တိုက်တွန်းထားသည်။

ထို့ပြင်   ယာဉ်မောင်းအချို့အနေဖြင့် ကွာရန်တင်းဝင်နေရပြီး ဈေးကွက်များသို့ ဟင်းသီးဟင်းရွက် ဝင်ရောက်မှုလျော့ကျ သွားသော်လည်း ဈေးကွက်မှာ တည်ငြိမ်နေဆဲဖြစ်ကြောင်း အစိုးရက ပြောထားသည်ဟု သိရသည်။