COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများ လာရောက်ပေးအပ် လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၅

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် Global Technology Co.,Ltd  အထောက်အကူ ပြုပစ္စည်းများနှင့် အလှူငွေများကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမ၌ လာရောက်ပေးအပ်လှူဒါန်းကြသည်။

ဦးစွာ အလှူရှင် Global Technology Co.,Ltd  မှ တာဝန်ရှိသူ တစ်ဦးက လှူဒါန်း ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် ရောဂါကာကွယ်ရေး အထောက် အကူပြု ပစ္စည်းများဖြစ်သည့် Personal Protective Equipment (PPE) ဝတ်စုံ ၂၀၀ စုံ၊ N95 Mask ၅၀၀ ခုနှင့် အလှူငွေကျပ် ၁၅ သိန်းတို့ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။