နေပြည်တော်၊ စက်တင်ဘာ - ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်မှ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေတွင် ကျွန်းစုမြို့၊ နယ်မြေခံ တပ်ဌာနချုပ်ရှိ သီရိအဏ္ဏဝါရိပ်သာနှင့် ဘုတ်ပြင်းမြို့၊ နယ်မြေခံတပ်ရှိ ပုလဲဧကရီ ဧည့်ရိပ်သာတို့၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျွန်းစုမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့ အတွက် ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများဖြစ်သည့် Surgical Mask ၁၀၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၅၆ စုံ၊ Hand Gel ၄၀ ဘူးနှင့် Hand Sanitizer ၄၀ ခုစီတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်အလိုက် မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများက အသီးသီး လက်ခံရယူပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြား ခဲ့ကြကြောင်း သတင်းရရှိသည်။