ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၂၄၇၂၅ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁၇၈၇ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၇ ဒသမ ၂၃ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဖေဖော်ဝါရီ  ၁၂

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၁၁-၂-၂၀၂၂ ရက် ည ၈ နာရီမှ ၁၂-၂-၂၀၂၂ ရက် ည ၈  နာရီ အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၄၇၂၅ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇၈၇ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၇ ဒသမ ၂၃ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆၆၆၈၉၇၄ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၅၄၅၂၉၈ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၁၀၆၆ ဦးဖြစ်သဖြင့် ယနေ့အထိစုစုပေါင်း ၅၁၆၈၈၂ ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ ယနေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံ သေဆုံးသူ မရှိပါသဖြင့် ယနေ့အထိသေဆုံး သူစုစုပေါင်း ၁၉၃၁၀ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။