(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ ၁၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ယနေ့တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း^ ဒေသအသီးသီးတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခေတ္တဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊ ခေတ္တဝန်ကြီးချုပ်များ၊ တိုင်းမှူးများ နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီး သော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်းများ ဆောင်ရွက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးဖတ်ကြားကြသည်။

ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဝန်ကြီး ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ တိုင်းဒေသကြီးနှင့်ပြည် နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမှု စသည့် ပြခန်းများကို လည်းကောင်း၊ အား ကစားပြိုင်ပွဲများကို လည်းကောင်း တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက လိုက်လံကြည့်ရှု အားပေးကြသည်။

ထို့ပြင် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိ  သူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး     တက်ရောက်လာသူများအား တိုင်းရင်းသားရိုးရာ အစားအစာ စတုဒိသာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သိရှိရသည်။

၎င်းအပြင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် လမ်း၊ တံတား၊ အဆောက်အဦများ၊ အားကစား ကွင်းများနှင့် ဌာနဆိုင်ရာ ပြခန်းများအား ဖွင့်လှစ်ပေးခဲ့ကြောင်းနှင့် ညပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသတို့၌ ရောင်စုံမီးပန်း အလှများနှင့် ပျော်ပွဲရွှင်ပွဲများ အသီးသီး ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။