(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသဝဏ်လွှာ ဖတ်ကြားခြင်းနှင့် ပြည်နယ် အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊  ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းတွင်   မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ(၂)ရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပသည်။

အခမ်းအနားတွင်  မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်  ပြည်သူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီးနောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သောသဝဏ်လွှာကို   မုဒုံမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးတင့်ဇော်က ဖတ်ကြားသည်။

ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့်  စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးကြပြီး ဘင်ခရာအဖွဲ့တို့ကို  ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ကာ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့   အထိမ်းအမှတ်သတင်းစကား   လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။       

                  အောင်မျိုးသူ(ပြန်/ဆက်)