မဘိမ်းမြို့နယ်အတွင်း၌ မူးယစ်ဆေးဝါးများသယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော်  စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့သည် မိုးမိတ်-ဗန်းမော် သွားကားလမ်းမကြီးပေါ်ရှိ စီပိန်းကျေးရွာ၏ အနောက် ဘက် မီတာ ၇၀၀ ခန့်အကွာ နေရာ၌ သတင်းအရ ဖြတ်သန်းသွားလာမှုများကို  စစ်ဆေးစဉ်  ယနေ့နံနက် ၇ နာရီ ခွဲခန့်တွင် စီပိန်းကျေးရွာဘက်မှ ပင်ကြိမ် ကျေးရွာဘက်သို့ လမ်း လျှောက်လာသည့် နေဝင်းထိုက်(ဘ)ဦးဝင်းသောင်းနှင့် မစိုးစိုး အောင်(ဘ)ဦးစိုးမြင့်တို့ နှစ်ဦး အား စစ်ဆေးရာ ၎င်းတို့ထံမှ WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၈၀၀ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများ၏ ပြောကြားချက်အရ ၎င်းမူးယစ်ဆေးဝါးများသည် ဦးမာယော် ဆိုသူမှ ရောင်းချခိုင်းခြင်း ဖြစ်ကြောင်းနှင့် ဦးမာယော်သည် ဖမ်းဆီးရမိသူများ နေထိုင်သည့် စီပိန်းကျေးရွာနေအိမ်တွင် စောင့်ဆိုင်းနေကြောင်း သိရှိရသဖြင့် သွားရောက် စစ်ဆေးရာ ဦးမာယော်အား တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီး ရမိသူများအား မဘိမ်းမြို့နယ်ရဲစခန်းသို့ စနစ်တကျ   လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။               

(၁၀၀)