ပူးပေါင်းဆောင်ရွက်ကြဖို့အချိန်တန်ပါပြီ

မြန်မာနိုင်ငံတွင်၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်မှစ၍ ကိုဗစ်အတည်ပြုလူနာ နှစ်ဦးစတင်တွေ့ ရှိခဲ့ရာ စက်တင်ဘာ ၂၅ ရက် နံနက် ၈ နာရီအထိ အတည်ပြုလူနာ ၈၅၁၅ ဦးနှင့် သေဆုံးသူ ၁၅၅ ဦးအထိ ရှိသွားပြီဖြစ်သည်။ ရန်ကုန်မြို့တွင် အတည်ပြုလူနာဦးရေ အများဆုံးဖြစ်သည်။ သြဂုတ် ၁၆ ရက်တွင် ရခိုင်ပြည်နယ်၌ ပြည်တွင်းကူးစက်မှုနှုန်း စတင်ဖြစ်ပွားခဲ့ရာ လက်ရှိ အချိန်အထိ ကယားပြည်နယ်မှအပ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အတည်ပြု လူနာများတွေ့ရှိနေဆဲပင်ဖြစ်သည်။ ပြည်သူတစ်ဦး တစ်ယောက်ချင်းစီအနေနှင့် ကျန်းမာရေး ဆိုင်ရာတိုက်တွန်း အကြံပြုချက်များကို တိကျစွာလိုက်နာသွားမှသာလျှင် ရောဂါပိုးကို အချိန် တိုအတွင်းထိန်းချုပ်နိုင်မည်ဖြစ်သည်။

ကြိုတင်ပြင်ဆင်ခဲ့

စင်စစ်အားဖြင့် တပ်မတော်သည် ကမ္ဘာတစ်ဝန်းတွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုဖြစ်ပွား နေချိန်မှစ၍ ရောဂါကြိုတင် ကာကွယ်ရေး အစီအမံများကို စနစ်တကျဆောင်ရွက်ခဲ့သည်။ သာဓကအနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၇ ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကြီးကိုပင်လျှင် COVID-19 ရောဂါဖြစ်ပွားမှုနှင့် ကူးစက်မှုမရှိစေရန်အတွက် တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ဖြင့် ဆိုင်းငံ့ထားခဲ့ သည်။ ထို့ပြင် အရေးပေါ်လူနာနှင့် ရောဂါစောင့်ကြည့်လူနာများ ထားရှိရန်အတွက်လည်း ရန်ကုန်၊ နေပြည်တော်၊ မိတ္ထီလာ၊ အောင်ပန်းမြို့ရှိ စစ်ဆေးရုံကြီးများအပြင် တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ စစ်ဆေးရုံများတွင်လည်း ကြိုတင်ပြင်ဆင်ထားရှိပြီး ဖြစ်သည်။ ထောင့်စေ့လှ သောအစီအမံများကြောင့် ပြည်သူတစ်ဦးအနေဖြင့် စိတ်လုံခြုံမှုဖြစ်မိပါသည်။

ကူညီထောက်ပံ့ လှူဒါန်းပေးလျက်ရှိအမှန်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)၏ ပုဒ်မ၊ ၃၄၁ ၌ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက်  ဘေးအန္တရာယ်များ ကျရောက် လာလျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည်ဟူ၍ အတိအလင်းပြဋ္ဌာန်း ထားရှိပြီးဖြစ် သည်။ မည်သို့ပင်ဆိုစေ တပ်မတော်သားများသည် COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အတွက် ရဟန်းရှင်လူပြည်သူများကို လိုအပ်သည့် အကူအညီများ ပေးအပ်လျက်ရှိသည်။ အထူးသဖြင့် တပ်မတော်အနေဖြင့် မတ် ၂၃ ရက်မှစ၍ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံလူတန်းစားများ၊ သဘင်၊ ဂီတ၊ ပန်းချီစသည့် အနုပညာရှင်များ၊ မီဒီယာအဖွဲ့အစည်း များ၊ အားကစားသမားများနှင့် အခြားပုံမှန်ဝင်ငွေမရှိသူများကို ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် အမယ်လေးမျိုးကို တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ကူညီထောက်ပံ့ပေးလျက်ရှိသည်။   ထို့ပြင် စစ်မှုထမ်းဟောင်းနှင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များကိုလည်း ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းပြီး ဒေသထွက် ကုန်များ ရောင်းချရခြင်းမရှိသည့် တောင်သူများနှင့် ရာသီဥတု ဖောက်ပြန်မှုကြောင့် စိုက်ခင်း များပျက်စီးပြီး အခက်အခဲဖြစ်ပေါ်နေသည့် တောင်သူများကိုလည်း ကူညီဆောင်ရွက်ပေးခဲ့ သည်။ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ ခရိုင်ဆေးရုံ များ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ ရောဂါကာကွယ်၊ ထိန်း ချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများကို လှူဒါန်းပေးလျက်ရှိသည်။ ထို့ပြင် ဆေးရုံ တက်လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အတွက်လည်း အာဟာရဖြည့် စားသောက်ဖွယ်ရာများ လှူဒါန်းပေးလျက်ရှိသည့်အပြင် စားသောက်ရေး ကိစ္စများတွင် အဆင်ပြေစေရန် တန်ဖိုးသင့်ထမင်း၊ ဟင်းလျာများကိုလည်း ရောင်းချပေးလျက်ရှိသည်။

ထို့ပြင် တပ်မတော်သားများနှင့် မှီခိုသူမိသားစုဝင်များအပြင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူ များကိုလည်း ရောဂါပိုးစစ်ဆေးဖော်ထုတ်နိုင်သည့် COBAS 6800 စက်များ၊ Polymerase Chain Reaction (PCR) စက်များဖြင့် ရောဂါရှာဖွေပေးလျက်ရှိသည်။ အထူးသဖြင့် ပြည်သူ များအတွက် မရှိမဖြစ်လိုအပ်သည့် နှာခေါင်းစည်းများကို ဈေးနှုန်းချိုသာစွာ ဖြန့်ဝေပေး လျက်ရှိသည်။ ဆိုရလျှင် တပ်မတော်သည် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင် ရေးအတွက် လိုအပ်သည့်အရာမှန်သမျှကို ထောင့်စုံအောင်ကြိုတင် ပြင်ဆင်ဖြည့်ဆည်း ထောက်ပံ့ပေးလျက်ရှိသည်။

အမှန်တော့ တပ်မတော်သားများ၊ အရပ်သား အစားခန့်ဝန်ထမ်းများသည် COVID-19 ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် အလှူငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော် ထည့်ဝင်လှူဒါန်းထား ရှိသည်။ ၎င်းလှူဒါန်းငွေများကို COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက် အကူပြု ဆေးဝါးပစ္စည်းများ လှူဒါန်းမှုနှင့် ပုံမှန်ဝင်ငွေမရှိသူများအား ထောက်ပံ့မှုတို့အတွက် စက်တင်ဘာ ၁၅ ရက်အထိ ငွေကျပ် ၄ ဒသမ ၂ ဘီလီယံကျော် သုံးစွဲထားရှိသည်။ ထို့ပြင် ကျန်ရှိငွေကျပ်သိန်း ၃၀၀၀ ကျော်ကိုလည်း လိုအပ်သည့်နေရာများတွင် ဆက်လက် ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်သည်။

ထိုသို့ထောက်ပံ့လှူဒါန်းရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့၏ခရီးစဉ်များတွင် မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများသို့ COVID-19 ရောဂါကာကွယ်ရေး ဆေးပစ္စည်းများ ထောက်ပံ့မှုများအနေဖြင့် ငွေကျပ်သိန်း ၃၉၀၀ ကျော်၊ တိုင်းရင်းသားအဖွဲ့နယ်မြေများသို့ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းမှုအနေဖြင့် ငွေကျပ်သိန်း ၄၃၀၀ ကျော်၊ လူမှုအဖွဲ့အစည်း များသို့ ငွေကျပ်သိန်း ၆၀၀ ကျော်၊ ဘာသာရေးအသင်းအဖွဲ့များသို့ ငွေကျပ်သိန်း ၁၇၀၀ ကျော်၊ စစ်မှုထမ်းဟောင်းနှင့် ရဲမှုထမ်းဟောင်းအဖွဲ့များသို့ ငွေကျပ်သန်း ၇၄၀၀ ကျော် ထောက်ပံ့ ပေးနိုင်ခဲ့သည်။

ထိုအရာများသည် ပြည်သူများအပေါ်ထားရှိသည့် တပ်မတော်၏စစ်မှန်သော စေတနာပင်ဖြစ် သည်။ ဒုတိယလှိုင်းကိုရင်ဆိုင်နေရပြီလား ကမ္ဘာတစ်ဝန်း၌ COVID-19 ရောဂါကူးစက် ပျံ့နှံ့ နေသည်မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။ ကြိုတင်ပြင်ဆင်စီမံမှု ကောင်းမွန်သည့် နိုင်ငံ များ၊ ရောဂါထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို တင်းကျပ်စွာချမှတ်ခဲ့သည့် နိုင်ငံများ၊ စည်းကမ်းလိုက်နာမှု ကောင်းမွန်သော ပြည်သူများ နေထိုင်လျက်ရှိသည့် နိုင်ငံများတွင်  COVID-19 ရောဂါကို ထိန်းချုပ်ကျော်လွှားနိုင်ခဲ့ပြီဖြစ်သည်။ သို့သော် အစိုးရများ၏ စီမံ ဆောင်ရွက်မှု အားနည်းပြီး ပြည်သူများကလည်း စည်းကမ်းလိုက်နာမှု အားနည်းသော နိုင်ငံများတွင် ရောဂါကူးစက်ခံရမှုများပြားသလို သေဆုံးမှုနှုန်းလည်း မြင့်တက်လျက်ရှိသည်။    

အထူးသဖြင့် ပြည်သူများသည် ကျန်းမာရေးနှင့်ညီညွတ်သော စံနှုန်းများအတိုင်း နေထိုင်သွား ရန်လိုအပ်သည်။ ထိုသို့နေထိုင်ခြင်းမရှိဘူးဆိုလျှင် တစ်ဦးတစ်ယောက်၏ ပေါ့ဆမှုမှ တစ် မိသားစုလုံး၊ တစ်ရပ်ကွက်လုံး၊ တစ်ရွာလုံး၊ တစ်မြို့လုံး၊ တစ်နိုင်ငံလုံးကို ရောဂါပိုးကူးစက် ပျံ့နှံ့သွားနိုင်ပေသည်။

ထို့ကြောင့်  ပြည်သူများ၏ စည်းကမ်းလိုက်နာမှု၊ “ကျန်းမာရေးအသိ၊  ကျန်းမာရေးသတိရှိမှု” သည် COVID-19 ရောဂါထိန်းချုပ်ရာတွင် များစွာအရေးပါလျက်ရှိသည်။

စစ်မှန်သောစေတနာ

စင်စစ်အားဖြင့် တပ်မတော်သားများသည် သဘာဝဘေးအန္တရာယ်ကျရောက်သည့်အချိန်တွင် ချက်ချင်း ရောက်ရှိလာလေ့ရှိသည်။ ရေကြီးမှု၊ ငလျင်လှုပ်ခတ်မှု၊ တောင်ပြိုမှု၊ မီးလောင်မှု၊ မုန်တိုင်းတိုက်ခတ်မှုတို့ကြောင့် အသက်အန္တရာယ်ကြုံတွေ့ရသည့် ပြည်သူများကို အသက် ပေး၍ ပင်ကယ်ဆယ်ခဲ့သည့် သာဓကများစွာ ရှိသည်။ ထို့ပြင် ဘေးအန္တရာယ်လွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း စွမ်းစွမ်းတမံ ကူညီပေးလျက်ရှိသည်။ သာဓက အနေဖြင့် တရုတ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားစဉ်က ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအပေါ် အရပ်ဘက်ဆိုင်ရာ ဆရာဝန်များ၊ သူနာပြုအင်အားနှင့် မလုံလောက်သဖြင့် ဆေးတပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့ရသည်။ အလားတူ စင်ကာပူနိုင်ငံတွင်လည်း COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် တပ်မတော်၏ အကူအညီကိုရယူခဲ့ရသည်။ အခြားသော ကမ္ဘာ့နိုင်ငံများတွင်လည်း တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိပေသည်။ မြန်မာနိုင်ငံတွင်လည်း ဆေးတပ်ဖွဲ့ဝင်များ၏ အကူအညီ ရယူသွားသင့်ပေသည်။ အထူး သဖြင့် Quarantine လုပ်ငန်းစဉ်များအတွက် တပ်မတော်၏ အကူအညီ ရယူသွားသင့်ပေ သည်။ မြို့ကြီးများအား Lockdown လုပ်သည့်အချိန်တွင် မြို့၊ ရွာလုံခြုံရေးနှင့် အရေးပေါ် စားနပ် ရိက္ခာလိုအပ်ချက်များ ရှိလာမည်ဆိုလျှင် တပ်မတော်နှင့် ချိတ်ဆက်ဆောင်ရွက်သွား သင့်ပေသည်။

အမှန်တော့ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိတို့အား မည်သို့ပင်သဘော ထားမှုများရှိစေကာမူ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့် ရှောက်ရန် တာဝန်ရှိသည့်အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာများ၊ ပြည်သူလူထုများဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရ မည်ဖြစ် ကြောင်း၊ ရောဂါကာကွယ်ကုသရေးနှင့် ပတ်သက်၍ လိုအပ်သည့် အကူအညီများကို အောက်ခြေ တပ်မှူးများအား လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးထားပြီးဖြစ်သဖြင့် လိုအပ်သည် များကို အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း” စက်တင်ဘာ ၁၅ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ကမ္ဘာ့ကပ် ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင် ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြား သွားခဲ့သည်။ တပ်မတော် အကြီးအကဲ၏ ပြည်သူများ အပေါ်ထားရှိသည့် စစ်မှန်သောစေတနာကို ထင်ဟပ်ပေါ်လွင်စေ လျက်ရှိသည်။

ပူးပေါင်းဆောင်ရွက်ကြဖို့အချိန်တန်ပါပြီ

လက်ရှိအချိန်တွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အစွမ်းကုန်ကြိုး ပမ်းဆောင်ရွက်သွားရန် လိုအပ်နေပြီဖြစ်သည်။ လမ်းညွှန်ချက်များ ထုတ်ပြန်နေရုံမျှဖြင့် ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ ကိုင်တွယ်ထိန်းချုပ်နိုင်မည် မဟုတ်ချေ။ မြေပြင်တွင် ဆရာဝန်များ၊ သူနာပြုများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသင့်ပြီဖြစ်သည်။ ဆိုလို သည်မှာ တစ်နိုင်ငံလုံးတွင် ဆေးရုံများ၊ Quarantine Centre များ အလုံအလောက်ပြင်ဆင် ထားရှိရန် လိုအပ်သည့်အပြင် ဆေးရုံများသို့လည်း အသက်ရှူစက်များ၊ ဆေးဝါးပစ္စည်းများ၊ PPE နှင့် Surgical Mask များ အလုံအလောက်ဖြည့်ဆည်း ထားသင့်ပြီဖြစ်သည်။ 

တစ်နိုင်ငံလုံး ကူးစက်ပျံ့နှံ့လာပြီ၊ အရေးပေါ် အခြေအနေဖြစ်လာပြီ၊ မနိုင်မနင်းဖြစ်လာပြီ ဆိုလျှင် ထိုင်ကြည့်မနေဘဲ တပ်မတော်၏ အကူအညီကို အချိန်မီရယူသွားသင့်သည်။ စင်စစ် အားဖြင့် နိုင်ငံတစ်နိုင်ငံတွင် လူ့အသက်ထက် အရေးကြီးသော အရာမရှိသည့်အတွက် တပ်မတော် အနေဖြင့် ဆောင်ရွက်ပေးနိုင်သည်မှန်သမျှကို ကူညီဆောင်ရွက်ပေးလျက် ရှိသည်။ ထို့ကြောင့် ယခုအချိန်သည် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား မာန်မာန များထားရှိရမည့် အချိန်မဟုတ်တော့ပေ။ မည်သို့ပင်ဆိုစေ COVID-19 ရောဂါကြီးကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ ပရဟိတ အဖွဲ့ အစည်းများ၊ တိုင်းရင်းသား ညီအစ်ကိုများအကြားတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြဖို့ အချိန်တန် နေပြီဖြစ်ပါသည်။   ။

မောင်သောင်းဝင်း(တမန်ဟောင်း)