ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၂၆
    
COVID-19  ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေ စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ် ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်၊ ရွာသစ်ကြီးကျောင်းတိုက်၊ ဝဲကြီးကျောင်းတိုက်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ကျိုင်းလိတ်ဘုန်းတော်ကြီးကျောင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ကျေးရွာ၊ အေးငြိမ်းချမ်းသာမြို့ဦးကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၆၁)ရပ်ကွက်၊ အလိုတော်ပြည့် ဓမ္မာစရိယကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ သိမ်ကုန်းကျောင်းတိုက်၊ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာ၊ မဟာဝိဟာရကျောင်းတိုက်၊ လှည်းကူးမြို့နယ်၊ စစ်ပင်မြောက်ကျေးရွာ၊ ဓမ္မဝိဟာရကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဓမ္မရောင်ခြည်ကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ နယ်လှည့် စတုဒီသာနတ်စင်တစ်ရာ ဘုန်းတော်ကြီးကျောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သဒ္ဓမ္မ သီတဂူသာသနာ့ရိပ်သာကျောင်းတိုက်၊ အင်္ဂပူမြို့နယ်၊ ဘွက်ကျေးရွာအုပ်စု၊ ရခိုင်ကုန်းကျေးရွာ၊ ရခိုင်ကုန်းတပ်ဦးပရဟိတပညာဒါနကျောင်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပါဠိတက္ကသိုလ်၊ သာသနဝိပုလာရာမ မန္တလေးကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ တောင်ဘက် ကျေးရွာ၊ မဟာဗောဓိကံဦးကျောင်း၊ ဘုရားကြီးမြို့၊ ဘောနတ်ကြီး ကျေးရွာ၊ ဟိတဓရဘုန်း တော်ကြီးကျောင်း၊ ပြည်မြို့၊ ပုထိုးကြီးရပ်ကွက်၊ ဒက္ခိဏရာမဘုန်းတော်ကြီးကျောင်း၊ ပေါင်းတည် မြို့နယ်၊ ပေါက်တောကြီး ကျေးရွာဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြသည်။
    
ထို့အပြင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အထောက်အကူဖြစ်စေရန်အတွက်  တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
    
ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ ရပ်စောက်မြို့၊ ကလောမြို့၊ ဟဲဟိုး မြို့၊ ဖယ်ခုံမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ပင်လောင်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊  ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ လှည်းကူးမြို့နယ်၊ သန်လျင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်နှင့် ပေါင်းတည်မြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို COVID-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျလက်ဆေး နည်းနှင့် Face Mask  အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့်ဆေးရည်များ၊ Mask  များ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများ ဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။