နေပြည်တော်၊ စက်တင်ဘာ - ၂၆
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှဒူဇွပ်ကျေးရွာအတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး မိုးကောင်းချောင်းရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် နေအိမ်များမှ ဒေသခံ ပြည်သူများအား ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဆေးကုသရေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးပြီး သောက်သုံးရေများနှင့် ထမင်းဘူးများအား ပေးအပ်လှူဒါန်းကြသည်။
အဆိုပါကျေးရွာအတွင်း စက်တင်ဘာ ၂၅ ရက်က မိုးကောင်းချောင်းရေမြင့်တက်ပြီး ရေဝင်နစ်မြုပ်မှုများကြောင့် ဒေသခံပြည်သူများအား နယ်မြေခံတပ်မတော်သားများက စက်လှေ များဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကူညီပြောင်းရွှေ့ပေးခဲ့ကြောင်း သတင်းရရှိသည်။