တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲ မှတ်တမ်း

နေပြည်တော် စက်တင်ဘာ ၂၆

(၁၇)ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (17th ACDFM)ကို Video Conferencing ဖြင့် စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်   ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည့် အခြေအနေများ၊ အလားတူ စက်တင်ဘာ ၁၆ ရက်တွင် (၁၀)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေး ( 10th AMOM )နှင့် စက်တင်ဘာ ၂၄ ရက်တွင် (၁၇)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (17th AMIM)များ ကျင်းပခဲ့သည့် အခြေအနေများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏    ယခုလအတွင်း သွားရောက်ခဲ့သည့်  ကျိုင်းတုံ၊ တာချီလိတ်၊ နမ့်စန်၊ တောင်ကြီး၊ လားရှိုးခရီးစဉ်များတွင်  ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်ငန်းများကို   ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့သည့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များအား တွေ့ဆုံ အမှာစကား ပြောကြားခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်း၊ တိုင်းရင်းသား အကြီးအကဲများနှင့် တွေ့ဆုံခဲ့မှု၊  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည့်NDAA (မိုင်းလား)အဖွဲ့၊ UWSA(ဝ)အဖွဲ့တို့နှင့် တွေ့ဆုံ၍ ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက်    တစ်နိုင်ငံလုံး   ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)   လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရေး ဆွေးနွေးခဲ့မှုနှင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ဒေသခံပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့မှုနှင့်  ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့သည့် အခြေအနေများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မိုင်းတုံမြို့နယ်နှင့် မိုင်းဆတ်မြို့နယ်ဒေသများတွင်   တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးအဖွဲ့များက  ဒေသခံပြည်သူများနှင့့် UWSA  (ဝ)အဖွဲ့တို့အား ကျန်းမာရေး စောင့်ရှောက်ပေးခဲ့သည့် အခြေအနေများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းလေးကန်

ရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တပ်မတော်မှ ကူညီဆောင်ရွက်ပေးခဲ့မှုနှင့် ဒိုက်နှင့်ဗေဒါရှင်းစက် Aquatic Weed Harvester ၂ စီးလှူဒါန်းပေးခဲ့သည့် အခြေအနေများ၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် တပ်မတော်မှ  အရှိန်အဟုန်မြှင့် ပါဝင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၅ ရက်တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး၌ လမ်းညွှန်မှာကြားခဲ့သည့် “လူ့အသက်ထက် အရေးကြီးတာ မရှိသည့်အတွက် ဆောင်ရွက်ပေးနိုင်သည် မှန်သမျှကို ကူညီဆောင်ရွက် ပေးလျက် ရှိကြောင်းနှင့် နိုင်ငံတော်နှင့် ပြည်သူအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို အချိန်နှင့်တစ်ပြေးညီ  Real Time တိတိကျကျ ဆောင်ရွက်ပေးရမည်” ဆိုသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏  လမ်းညွှန်မှာကြားချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါပိုးတွေ့ လူနာများ နေ့စဉ်တိုးပွားလျက်ရှိပြီး   ကုသပေးရန် နေရာအခက်အခဲများ ဖြစ်ပေါ်လာသည့်အတွက် တပ်မတော်အနေဖြင့် မှော်ဘီမြို့ရှိ တပ်မတော်ဆေးဘက်ဆိုင်ရာ သင်တန်းကျောင်း၊ ရဲမွန်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှင့်  အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်တို့၌   COVID-19 ရောဂါပိုးဓာတ်ခွဲ အတည်ပြုလူနာကုသရေး ဆေးရုံများအဖြစ် ပြင်ဆင်ဆောင်ရွက်ခဲ့မှု၊ အဆိုပါ ကုသရေးဆေးရုံများတွင်  ဆေးရုံသုံးကိရိယာများ၊ ဆေးဝါးများ၊ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြု ပစ္စည်းများ စုံလင်စွာထားရှိ၍ တပ်မတော်မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြုများဖြင့် အတည်ပြုလူနာများအား   ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် နေထိုင်စားသောက်ရေးတို့ကို တပ်မတော်မှ စီစဉ်ဆောင်ရွက်ပေးပြီး စက်တင်ဘာ ၂၅ ရက်မှစတင်၍ COVID-19 ရောဂါပိုးအတည်ပြုလူနာများ   စတင်လက်ခံနေသည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်  အားကစား ဝန်ကြီးဌာနနှင့်အတူ လှည်းကူးမြို့နယ်၊ COVID-19 ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် တပ်မတော်မှ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သည့် ဆေးအဖွဲ့များအား အလှည့်ကျစေလွှတ်၍ ပူးပေါင်း ကူညီဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရန်ကုန်မြို့နှင့် နေပြည်တော်မြို့တို့ရှိ တပ်မတော်ဆေးရုံကြီးများ၌ ပြည်သူများအား COVID-19 ရောဂါပိုး စစ်ဆေးပေးလျက်ရှိသည့် အခြေအနေများ၊ COVID-19  ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် အရပ်ဘက်မှ Quarantine  စောင့်ကြည့် ရမည့်သူများ လက်ခံထားရှိမှု၊  COVID-19 ရောဂါအထောက်အကူပြု ဆေးပစ္စည်းများအား ပြည်သူ့ဆေးရုံများသို့ ပေးအပ်လှူဒါန်းမှုများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် အခြားဘာသာရေးကျောင်းများ၊ စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်းများနှင့် လူမှုအဖွဲ့အစည်းများအား တပ်မတော်မှ ရိက္ခာအမယ် ၄ မျိုးပေးအပ်လှူဒါန်းခဲ့မှု၊ တိုင်းရင်းသားအဖွဲ့ နယ်မြေများသို့  ဆေးပစ္စည်းများ၊ ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်ပေးခဲ့မှု၊   Quarantine ဝင်ရောက်မည့်   အရပ်သားများ ထားရှိနိုင်ရေးအတွက်  တပ်မတော်အနေဖြင့်  Quarantine Center ခုကို ပြင်ဆင်ဆောင်ရွက် လက်ခံထားရှိပြီး    ၎င်းတို့၏ နေထိုင်စားသောက်ရေးတို့ကို တပ်မတော်မှ တာဝန်ယူ ဆောင်ရွက်နေသည့် အခြေအနေများ၊ COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆေးပစ္စည်းများ၊ ထောက်ပံ့ရေး ပစ္စည်းများနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာပစ္စည်းများကို တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးခဲ့မှုနှင့်  ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် မဟာဗျူဟာမြောက် စစ်ဦးစီးလေ့ကျင့်ခန်း KAVKAZ -2020(Caucasus 2020) ၌ မြန်မာ့တပ်မတော်မှ ပါဝင်လေ့ကျင့်နေသည့် အခြေအနေများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲအား၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ၂၆ ရက် မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲအထိ Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊  ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများနှင့် ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများ၊ စုစုပေါင်းသတင်းဌာန ၁၅ ခုမှ သတင်းထောက်များမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ       ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားသည်။

ဦးစွာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဒီနေ့သတင်းစာရှင်းလင်းပွဲကို Online ကနေ ပြုလုပ်ရာတွင်   ပူးပေါင်း ပါဝင်ကူညီပေးကြသော တာဝန်ရှိသူများအားလုံးနှင့် မီဒီယာများအားလုံးအား ကျေးဇူးတင်ရှိပါကြောင်း ဦးစွာ ပြောကြားလိုကြောင်း၊ ယနေ့သတင်းစာရှင်းလင်းပွဲတွင်    တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ကိုယ်စား  မိမိအနေဖြင့်ရှင်းလင်းသွားမည့်  အကြောင်းအရာများကတော့ ပထမအချက်အဖြစ် မကြာခင်က ကျင်းပပြုလုပ်ခဲ့သော အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (ACDFM)နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏  ကျိုင်းတုံ၊ လားရှိုးခရီးစဉ်အကြောင်း၊ ဒုတိယအချက်အဖြစ် တပ်မတော်၏ COVID-19 ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နေမှု အခြေအနေများ၊ တတိယအချက်အဖြစ်   လက်နက်ကိုင်သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်ပွားခဲ့မှု၊ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အခြေအနေများ၊ စတုတ္ထအချက်အဖြစ်  ရုရှားနိုင်ငံတွင် ပြုလုပ်နေသည့်  မဟာဗျူဟာမြောက်စစ်ဦးစီးလေ့ကျင့်ခန်း  KAVKAZ-2020(Caucasus 2020) တွင် မြန်မာ့တပ်မတော်က ပါဝင်လေ့ကျင့်နေမှု အခြေအနေများဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက (၁၇)ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး(17th ACDFM)ကို စက်တင်ဘာလ၂၄ ရက် နံနက် ၈ နာရီမှ ၁၁ နာရီ ၁၅ မိနစ်အထိ Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိကြီး ၂ ဦးတက်ရောက်ခဲ့ကြောင်း၊  ၎င်းအစည်းအဝေးမတိုင်မီ စက်တင်ဘာလ၂၁ရက်နှင့်၂၂ ရက်တို့တွင် (၁၇)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (17th ASEAN Military Intelligence Meeting-AMIM-17)နှင့် စက်တင်ဘာလ ၁၆ ရက်တွင် ပြုလုပ်သော (၁၀)ကြိမ်မြောက် အာဆီယံတပ်မတော် စစ်ဆင်ရေးမှူးချုပ်များ  အစည်းအဝေး (10th ASEAN  Military Operations Meeting-AMOM-10) အစည်းအဝေး များသို့လည်း     မြန်မာ့တပ်မတော်မှ သက်ဆိုင်ရာ အရာရှိကြီးများ တက်ရောက်ခဲ့ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက (ACDFM)  အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များမှ “ပေါင်းစည်းညီညွတ်မှုရှိပြီး  လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်သော    အာဆီယံအတွက် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်

ရွက်ခြင်း”( Military Cooperation For a Cohesive and Responsive  ASEAN) ဆိုသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့်  သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့်  ၎င်းတို့ကို ရင်ဆိုင်ဖြေရှင်းနိုင်ရေး အကြံပြုချက်များ၊ အာဆီယံတပ်မတော် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများအတွက်၂ နှစ်တာလုပ်ငန်းစီမံချက် (Two Year Activities Working Plan)၊   ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် ပူးပေါင်းကင်းလှည့်မှုဆိုင်ရာ စံပြလုပ်ထုံးလုပ်နည်းများ၊   လူသားလုံခြုံရေး ဆိုင်ရာကိစ္စရပ်များနှင့် COVID-19 ကမ္ဘာ့ကပ်ရောဂါဆိုင်ရာ ကိစ္စရပ်များအကြောင်းတို့အား အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ ယနေ့ကမ္ဘာမှာ ရင်ဆိုင်နေရတာတွေဟာ သမားရိုးကျလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအပြင် သမားရိုးကျ မဟုတ်သော အကြမ်းဖက်မှု၊   ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ သတင်းအချက်အလက်လုံခြုံရေး၊ ပင်လယ်ဓားပြမှု၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု စသောခြိမ်းခြောက်မှုများ ရှိကြောင်း၊  ၎င်းတို့ကို ဒေသတွင်းနိုင်ငံများ အနေဖြင့် ပေါင်းစည်းမှုနှင့် လျင်မြန်စွာ တုံ့ပြန်သွားဖို့လိုအပ်ကြောင်း၊   အကြမ်းဖက်မှု နှိမ်နင်းရေးဆိုင်ရာ သတင်းအချက်အလက် များကို အပြန်အလှန်ဖလှယ်သွားရမည် ဖြစ်ကြောင်း၊  အာဆီယံတပ်မတော်များ အကြားတွင် ယုံကြည်မှု တည်ဆောက်ခြင်း၊ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ဖလှယ်ခြင်း၊  စွမ်းရည်တည်ဆောက်ခြင်း၊ ပူးပေါင်းလေ့ကျင့်ခြင်းတို့ဖြင့်   ရင်ဆိုင်ကျော်လွှားနိုင်မည် ဖြစ်ကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှုနှင့်  သဘာဝဘေးအန္တရာယ်ကာကွယ်ရေး(HADR)၊  စစ်ဘက်ဆိုင်ရာဆေးပညာ(Military Medicine)၊ ပင်လယ်ရေကြောင်း လုံခြုံရေး (Maritime Security)၊ တန်ပြန်အကြမ်းဖက်မှုနှိမ်နင်းရေး (Counter Terrorism)၊ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုစစ်ဆင်ရေး (Peace Keeping Operation)၊ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ  မြေမြှုပ်မိုင်းရှင်းလင်းရေး (Humanitarian  Mine  Action) စသော နယ်ပယ်များတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား သာမက  မိတ်ဖက်နိုင်ငံများနှင့်ပါ   ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း  ပြောကြားသည်။

ဆက်လက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက လူသားလုံခြုံရေးနှင့် ပတ်သက်၍ လူတစ်ဦးချင်းစီ၏ လုံခြုံမှုမှသည် လူမှုအဖွဲ့အစည်းလုံခြုံမှု၊ နိုင်ငံရေးလုံခြုံမှု၊ စီးပွားရေးလုံခြုံမှု၊ သဘာဝပတ်ဝန်းကျင်လုံခြုံမှု၊ စားနပ်ရိက္ခာ လုံခြုံမှု၊    ကျန်းမာရေးစောင့်ရှောက်မှု စသည်များအား ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့်

ပတ်သက်၍  နိုင်ငံအလိုက်သာမက  ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး၊ သမားရိုးကျမဟုတ်သောလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင်  စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များကို  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်များဖြင့် ထိထိရောက်ရောက် အသုံးပြုနိုင်ရေး၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွက် COVID-19 ရောဂါကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့်ကုသရေးဆိုင်ရာလုပ်ငန်း အတွေ့အကြုံများ၊   အောင်မြင်ခဲ့သည့်နည်းလမ်းများ၊ အားသာချက်၊ အားနည်းချက်များအား အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း အပြန်အလှန်မျှဝေပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ကျိုင်းတုံ၊ တာချီလိတ်၊ ခိုလမ်၊ တောင်ကြီးခရီးစဉ်နှင့် လားရှိုးခရီးစဉ်များအကြောင်း ပြောလိုကြောင်း၊ ခရီးစဉ်များတွင် ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ဂုဏ်ပြုစကားပြောကြားခြင်း၊ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်း၊   တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသားအကြီးအကဲများနှင့် တွေ့ဆုံခြင်း၊ တိုင်းစစ်ဌာနချုပ်အလိုက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ တပ်တည်ဆောက်ရေးလုပ်ငန်းများ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက     တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ တပ်မတော်၊မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အနေဖြင့် အမျိုးသားရေး အန္တရာယ်အဖြစ်ရှုမြင်ပြီး   ဖိဖိစီးစီး ဆောင်ရွက်လျက် ရှိကြောင်း၊ သတင်းရယူတည်ဆောက်မှုမှစပြီး ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော   NDAA (မိုင်းလား)အဖွဲ့၊ UWSA (ဝ)အဖွဲ့တို့နှင့် တွေ့ဆုံပြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)လမ်းကြောင်းကို လျှောက်လှမ်းရန်၊ COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် ဒေသခံပြည်သူလူထုကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း၊   ခရီးစဉ်အပြီးတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မိုင်းတုံမြို့နယ်နှင့် မိုင်းဆတ်မြို့နယ်ဒေသများတွင် တပ်မတော်နယ်လှည့်ဆေးကုသရေး တပ်ဖွဲ့များမှ ဒေသခံပြည်သူကျား ၃၈၇၇ ဦး၊ မ ၆၆၀၆ ဦး၊ UWSA (ဝ) အဖွဲ့ဝင် ၁၀၂၁ ဦး စုစုပေါင်း ၁၁၅၀၄ ဦးအား ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး လူနာ ၁၇ ဦးအား မိုင်းဆတ်မြို့ရှိ တပ်မတော်ဆေးရုံသို့   လွှဲပြောင်းကုသပေးခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ခရီးစဉ်အတွင်းရပ်မိ၊ ရပ်ဖများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး၊   ကျန်းမာရေး၊  ပညာရေးဆိုင်ရာများ ဆွေးနွေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ အကြံပြုခြင်း၊ ဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊  ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းလေးကန်ရေရှည်တည်တံ့စေရေးနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်   လိုအပ်သည့်တစ်စီးလျှင် ငွေကျပ်  ၂၄၆၀    သိန်းတန်ဖိုးရှိ ဒိုက်နှင့်ဗေဒါရှင်းစက်၂ စီးအားလှူဒါန်းခဲ့ကြောင်း၊ ၎င်းစက်များမှာ တစ်နာရီလျှင်ဒိုက်နှင့် ဗေဒါ၂၀၀ ကုဗပေခန့် ရှင်းလင်းနိုင်မည်ဖြစ်ပြီး ဒိုက်၊ ဗေဒါနှင့် နုန်းအနည်အနှစ်များကြောင့် တစ်နှစ်တခြားရေနေဧရိယာ ကျဉ်းမြောင်းလာသည့်   အင်းလေးကန်အား ရေရှည်တည်တံ့ရေး အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ဒုတိယအချက်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် တပ်မတော်၏ ဆောင်ရွက်ချက်များကို ပြောလိုကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ   ၁၅  ရက်တွင် တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ    ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးအား ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် “လူ့အသက်ထက်အရေးကြီးတာ မရှိသည့်အတွက် ဆောင်ရွက်ပေးနိုင်တာ မှန်သမျှကို ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့်   နိုင်ငံတော်နှင့်ပြည်သူအတွက်  လိုအပ်သည့်ကူညီထောက်ပံ့မှုများကို  အချိန်နှင့်တစ်ပြေးညီ Real  Time  တိတိကျကျဆောင်ရွက်ပေးရမှာ” ဖြစ်ကြောင်းအား လမ်းညွှန်ခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက   ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ COVID-19 ရောဂါပိုးတွေ့ရှိလူနာများ များပြားလာသည့်အတွက် တပ်မတော်အနေဖြင့် COVID-19 ရောဂါအတည်ပြုလူနာများအား ကုသပေးနိုင်ရေးနေရာ ၄ နေရာဆောင်ရွက်ထားကြောင်း၊ ၎င်းတို့မှာ     မှော်ဘီတွင်ရှိသည့် တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းတွင် ၃၇၂ ဦး၊ ရဲမွန်တွင်ရှိသည့် တပ်မတော်သင်တန်းကျောင်းတစ်ခုတွင်၂၇၂ ဦး၊ လှိုင်မြို့နယ်တွင်ရှိသည့်ယခင် Quarantine  စောင့်ကြည့်သူများထားသော တပ်မတော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ၁၂၀၀ ဦး၊ အင်းစိန်မင်းဓမ္မကုန်းရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တွင် ၁၈၈ ဦး စုစုပေါင်းလူဦးရေ  ၂၀၀၀  ဦးခန့်အား လက်ခံကုသပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ စက်တင်ဘာလ၂၅ ရက်တွင် မှော်ဘီမြို့ရှိ     တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်း၌  အရပ်သား ၁၅၄ ဦး၊ သံဃာတော် ၁၆၁ ပါး၊ အင်းစိန်မင်းဓမ္မကုန်းရှိ     သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တွင် သံဃာတော် ၁၈၈ ပါးတို့အား စတင်ကုသပေးလျက်ရှိကြောင်း၊ အင်းစိန်ရှိ ရွာမပရိယတ္တိစာသင်တိုက်မှ   သံဃာတော်အရှင်သူမြတ်များအား စက်တင်ဘာလ၂၄   ရက်တွင်တပ်မတော်မှ ဆေးစစ်ပေးခဲ့ရာ    သံဃာတော် အရှင်သူမြတ်၂၇၅ ပါးနှင့် လူပုဂ္ဂိုလ် ၄ ဦးတွင်ထပ်မံပြီး COVID-19 ပိုးတွေ့ရှိကြောင်း၊ ဆရာတော်ကြီး၌ ပိုးတွေ့ရှိမှုမရှိကြောင်း၊ သံဃာတော်များအား မှော်ဘီမြို့ရှိ  တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း နှင့်အင်းစိန်မြို့ရှိ    သာသနာ့ဗိမာန်တို့၌ တာဝန်ယူကုသပေးနေကြောင်း၊   သံဃာတော်တစ်ပါးအား   တပ်မတော် အသည်းရောဂါကုဆေးရုံကြီးသို့  ပြောင်းရွှေ့ကုသပေးလျက်ရှိကြောင်း၊ သံဃာတော်များ၏ ကျန်းမာရေး အခြေအနေကောင်းမွန်ကြောင်း၊ “တပည့်တော်တို့တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုဝင်များ အနေဖြင့် ဆရာတော်သံဃာတော်များ အမြန်ပြန်လည်ကျန်းမာပါစေကြောင်းနှင့် သာသနာ့အကျိုးကို   အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေကြောင်း၊ ဆရာတော်သံဃာတော်များ၏သီလ၊ သမာဓိ၊ ပညာစွမ်းအားများကြောင့် အမြန်ဆုံးကျန်းမာ

လာမည်ဟုယုံကြည်ပါကြောင်း၊ ဒီနေရာမှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ဘုရား၊ တစ်နိုင်ငံလုံး COVID ရောဂါကပ်ဆိုးမှ အမြန်လွတ်မြောက်စေရေး မေတ္တာပို့သပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါကြောင်း}} ပြောကြားသည်။

ဆက်လက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရန်ကုန်တွင်ရှိသည့်     COVID-19 ရောဂါကုသရေးယာယီဆေးရုံ နေရာများ၌

တပ်မတော်ဆေးတပ်ဖွဲ့မှဆေးအဖွဲ့   ၄ဖွဲ့ဖြင့်   တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရန်ကုန်တွင်ရှိသည့်တပ်မတော်

ဆေးရုံများ၊  စစ်မြေပြင်ဆေးတပ်ရင်းမှ အဖွဲ့ ၃ ဖွဲ့နှင့် တောင်ငူမှ ၁ ဖွဲ့ဖြစ်ကြောင်း၊ ၎င်းအဖွဲ့များသည်    မေလတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောခဲ့သော တပ်မတော်နှင့်အရပ်ဘက် COVID-19 ရောဂါကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းတွင်ပါဝင်သော အဖွဲ့များဖြစ်ကြောင်း၊ အဖွဲ့၁ ဖွဲ့တွင် ပါရဂူ၊ ဆေးမှူး ၅ ဦး၊ သူနာပြု/ကျွမ်းကျင် အရာရှိ ၇ ဦး၊ အကူသူနာပြု ၃ ဦးပါဝင်ကြောင်း၊ ၎င်းအဖွဲ့မျိုး ၄၀ ကျော်ခန့် နိုင်ငံတစ်ဝှမ်းတွင်   ဧပြီလမှစ၍ ဖွဲ့စည်းဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း၊ ရန်ကုန်တွင်ရှိသည့် ကုသရေးဌာန ၄ ခု၌  ရောဂါပိုးတွေ့ရှိ၍ ရောဂါဝေဒနာလက္ခဏာ မပြသော လူနာများအား ကုသပေးလျက်ရှိပြီး ရောဂါဆိုးရွားလာလျှင် ကုသရေးဆေးရုံများသို့ ပို့ဆောင်ကုသစေမည် ဖြစ်ကြောင်း ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မှုများ အနေဖြင့် COVID-19 ကုသရေးဌာန (ဖောင်ကြီး) ဆေးရုံကြီးကြပ်မှု၊ အုပ်ချုပ်ရေးကော်မတီတို့တွင် တပ်မတော်ဆေးရုံ၊  ဆေးတပ်ရင်းများမှ ပါရဂူများက အဖွဲ့ဝင်အဖြစ်ပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊  ဆေးကုသမှုပါရဂူ၊ မေ့ဆေးပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ ရောဂါဗေဒပါရဂူ၊  ဆေးမှူး၊ သူနာပြု/ကျွမ်းကျင် ၄၀ ဦးပါဝင်သည့် အဖွဲ့များအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်မှစတင်ပြီး  ယနေ့အထိအလှည့်ကျ စေလွှတ်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူနာစုစုပေါင်း၂၁၆၇ ဦးအား ပူးပေါင်းဆောင်ရွက်ကုသပေးခဲ့ကြောင်း၊   ၂၀၂၀ ပြည့်နှစ်၊ မေလ၂၆ ရက်မှယနေ့အထိ ရန်ကုန်နှင့် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီးများတွင် အရပ်သား ၁၉၃၇၇ ဦးအား COVID-19 ရောဂါပိုးစစ်ဆေးပေးခဲ့ပြီး ပိုးတွေ့လူနာ၂၅၃ ဦးရှိကြောင်းပြောကြားသည်။

တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင်  အရပ်ဘက်ကန့်သတ် Quarantine  စောင့်ကြည့်ရမည့်သူများ လက်ခံထားရှိခြင်း၊ ဆေးပစ္စည်း ၁၀ မျိုးအား အရပ်ဘက်ဆေးရုံများသို့ လှူဒါန်းခြင်း၊ စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်းများအား ရိက္ခာ ၄ မျိုးထောက်ပံ့ခြင်း၊ သံဃာတော်များ၊   သီလရှင်များအား ထောက်ပံ့လှူဒါန်းခြင်း၊ အရပ်ဘက်အဖွဲ့အစည်းများသို့ လှူဒါန်းခြင်း၊ တိုင်းရင်းသားအဖွဲ့အစည်း နယ်မြေများသို့  ဆေးပစ္စည်းများလှူဒါန်းခြင်းနှင့် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း၊ အရပ်သားများထားရှိနိုင်ရေး Quarantine  ၁၆ ခုအား နိုင်ငံအနှံ့ ဖွင့်လှစ်ထားရှိခဲ့ပြီး၂၀၂၀ ပြည့်နှစ်၊ မတ်လ  ၃၁ ရက်မှ စက်တင်ဘာလ၂၅ ရက်အထိ အရပ်သား ၆၅၁၇ ဦးလက်ခံပြီးဖြစ်ကြောင်း၊ စားသောက်နေထိုင်ရေးအား တပ်မတော်မှ  ကျပ်သိန်း၂၆၀၀ ကျော် အကုန်အကျခံ   ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊     အရပ်ဘက်ဆေးရုံများသို့ ဃဥဠှီု-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆေးပစ္စည်းများလှူဒါန်းမှုအား၂၀၂၀ ပြည့်နှစ်၊  မတ်လကတည်းကစတင်လုပ်ဆောင်ခဲ့ပြီး ဆေးရုံပေါင်း ၁၁၆၈ ရုံနှင့် ကျေးလက်ကျန်းမာရေးဌာန ၁၀၈၈ ခုတို့ တွင်လှူဒါန်းခဲ့ကြောင်း၊ စုစုပေါင်းကျပ် ၄ ဘီလီယံကျော်ရှိကြောင်း၊ COVID-19 ကာလတွင်စားသောက်ရေး အခက်အခဲပြေလည်စေရန် အရပ်ဘက်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများသို့ရိက္ခာထောက်ပံ့မှု၊    ဆေးပစ္စည်းထောက်ပံ့မှုများကိုလည်း ၂၀၂၀ ပြည့်နှစ်၊ မတ်လကတည်းက   စတင်ပြုလုပ်ခဲ့ကြောင်း၊ နဗဥ အဖွဲ့များနှင့်တိုင်းရင်းသား အဖွဲ့အစည်းနယ်မြေများသို့     COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများလှူဒါန်း ထောက်ပံ့မှုအား၂၀၂၀ ပြည့်နှစ်၊ မေလမှစ၍ ယနေ့အထိဆောင်ရွက်ခဲ့ရာ အဖွဲ့ပေါင်း၂၉ ဖွဲ့အတွက်ကျပ်   ၄၃၅၁ သိန်းကျော်ဆောင်ရွက်ခဲ့ကြောင်း၊ စစ်မှုထမ်းဟောင်း၊   ရဲမှုထမ်းဟောင်းများအတွက် ရိက္ခာ ၄ မျိုးထောက်ပံ့မှု များကိုလည်း တိုင်းစစ်ဌာနချုပ်အလိုက် ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံအဝှမ်း COVID-19 ကာလတွင် ဆွမ်းအခက်အခဲမရှိစေရေး  ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများသို့ ရိက္ခာ ၄ မျိုး(ဆန်၊ ဆီ၊ ဆား၊ ပဲ)လှူဒါန်းမှုများ၊ ကျန်းမာရေးဆောင်ရွက်ပေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ COVID-19 ကာကွယ်ကုသရေးဆေးပစ္စည်းများ၊ ထောက်ပံ့ရေးပစ္စည်းများကို တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ စက်တင်ဘာလအတွင်း ၆ ကြိမ်ရှိကြောင်း၊   ကြားဖြတ်အနေဖြင့် စက်တင်ဘာလ  ၂၅ ရက်၌ ၂၀၂၀ ရွေးကောက်ပွဲအတွက်    ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး လိုအပ်သော ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းများဖြစ်သည့် မဲပုံးများ၊ မဲလက်မှတ်များ၊ မဲစာရင်းများအား    တပ်မတော်လေယာဉ်ဖြင့်  ကူညီပို့ဆောင်ပေးခဲ့ရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌမှ လက်ခံရယူခဲ့ကြောင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ တပ်မတော်၏ လုပ်ဆောင်ချက်များအတွက်  ငွေကြေးသုံးစွဲမှုများကို   တပ်မတော်(ကြည်း၊ ရေ၊လေ)အရာရှိ၊  စစ်သည်၊  အရပ်သား ဝန်ထမ်းများ၏   လှူဒါန်းမှုဖြစ်သည့် အရာရှိကြီးများမှ၂ လစာလှူဒါန်းမှု၊  အခြားအဆင့်စစ်သည်များမှ ၁ ရက်စာလှူဒါန်းမှုမှ ရရှိငွေ ၄ ဒသမ ၅ ဘီလီယံ၊ အရပ်ဘက်အလှူရှင်များမှလှူဒါန်းမှု သိန်း ၃၂၀၀ ကျော် နှင့်မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၊    မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့၏  အမြတ်ငွေများမှ တပ်မတော်သက်သာချောင်ချိရေး ရန်ပုံငွေသို့ ပေးသွင်းငွေများအား သုံးစွဲနေခြင်းဖြစ်ကြောင်း၊ COVID-19 ရောဂါပိုးတွေ့ရှိသူများကို    ယာယီဆေးရုံများ၌ ကုသနေမှုများတွင် စားသောက်နေထိုင်ရေးစရိတ်များကိုလည်း   ၎င်းင်းငွေများအပြင် တပ်မတော်နေ့ကျင်းပရေးအတွက်လှူဒါန်းထားသောအလှူငွေများထဲမှ ၁၀ ရာခိုင်နှုန်းအား ထုတ်နုတ်ပေါင်းထည့် သုံးစွဲသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

တတိယအချက်အနေဖြင့် တိုက်ပွဲဖြစ်ပွားခဲ့မှုနှင့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများအား ပြောလိုကြောင်း၊ စက်တင်ဘာလ အတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားသည့် ဒေသများ၌ MNDAA၊ TNLA ပူးပေါင်းအဖွဲ့နှင့်ထိတွေ့မှု ၄ ကြိမ်၊ TNLA    နှင့် ထိတွေ့မှု ၃ ကြိမ်၊  MNDAA  နှင့် ထိတွေ့မှု ၂ ကြိမ်အပါအဝင် ထိတွေ့မှု ၁၃ ကြိမ်ရှိကြောင်း၊  ဆက်ကြေးကောက်ခံမှု ၁၀ ကြိမ်ရှိပြီး လူသစ်စုဆောင်းမှု ၇ ကြိမ် ရှိကြောင်း၊ စက်တင်ဘာလအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အနေဖြင့် ဘိန်းဖြူ၁၁၀ ကီလိုကျော်၊ ဘိန်းစိမ်း ၆၂ ကီလိုခန့်၊ WY စိတ်ကြွဆေးများ ၁၀ သိန်းကျော်၊  အိုက်စ် ၂၆ ကီလိုကျော်နှင့်  ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး ကျပ် ၁၁ ဒသမ ၁၇၅ ဘီလီယံခန့်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးလူညွန့်တုံးစေမည့်    မူးယစ်ဆေးဝါးကို   မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အားသွန်ခွန်စိုက် ပူးပေါင်းနှိမ်နင်းလျက်ရှိကြောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတွင်  မူးယစ်ဆေးဝါးအမြောက်

အမြား ဖမ်းဆီးရမိသော ဖြစ်စဉ်၌ ထွက်ပြေး တိမ်းရှောင်နေသည့်   တရားခံပြေးများ၊ မသင်္ကာဖွယ်လူများနှင့်  ၎င်းင်းတို့၏ အရင်းအမြစ်များ ဖော်ထုတ်၍ တရားဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စတုတ္ထအချက်အနေဖြင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၌ ကျင်းပပြုလုပ်နေသည့် မဟာဗျူဟာမြောက် စစ်ဦးစီးလေ့ကျင့်ခန်း KAVKAZ-2020   (Caucasus-2020) တွင် မြန်မာ့တပ်မတော်မှ ပါဝင်လေ့ကျင့်

နေမှုအားပြောလိုကြောင်း၊ ၎င်းလေ့ကျင့်ခန်းသည် ရုရှားနိုင်ငံ Astrakhan  ဒေသ၊ Kapustin  Yar လေ့ကျင့်ရေးကွင်းတွင် စက်တင်ဘာလ ၁၀ ရက်မှ စတင်လေ့ကျင့်နေခြင်း ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်မှ ဗိုလ်ချုပ်အဆင့်ရှိသူ  အရာရှိကြီး ၁ ဦး ဦးစီး၍   တပ်မတော်တက္ကသိုလ်များမှ နည်းပြအရာရှိကြီး  ၅  ဦး၊ စစ်မြေပြင် အင်ဂျင်နီယာနှင့်အဏုမြူ၊ ဓာတု၊ ဇီဝရန် ကာကွယ်ရေးကျွမ်းကျင်သူ ၅ ဦး၊ သတင်း အချက်အလက်နှင့်ဆက်သွယ်မှုနည်းပညာကျွမ်းကျင်သူ ၅ ဦး၊ သံချပ်ကာနည်းဗျူဟာ ကျွမ်းကျင်သူနှင့်   ကိုင်တွယ်မောင်းနှင်နိုင်သူ ၅ ဦး၊ စစ်မြေပြင်ဆေးတပ်ဖွဲ့ဆိုင်ရာ ကျွမ်းကျင်သူ ၅ ဦးနှင့်စကားပြန်အရာရှိ ၆ ဦး စုစုပေါင်း ၃၂ ဦး ပါဝင်လေ့ကျင့်လျက် ရှိကြောင်း၊  စစ်ဘက်ဆိုင်ရာအုပ်ချုပ်မှု၊ ခေါင်းဆောင်မှု၊   စစ်ဆင်ရေးကွပ်ကဲမှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းစစ်ဆင်မှု၊     လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တို့အတွက် ရည်ရွယ်ပြုလုပ်ခဲ့သည့်   နိုင်ငံပေါင်းစုံပါဝင်သော စစ်ရေးဆိုင်ရာ လေ့ကျင့်ခန်း ဖြစ်ကြောင်း၊ သမားရိုးကျစစ်ဆင်ရေး၊   တန်ပြန်လေကြောင်း တိုက်ခိုက်ခြင်း၊ ကင်းထောက်ခြင်း၊ ရှာဖွေခြင်း၊ ခံစစ်လုပ်ငန်း၊ ဆက်သွယ်ရေး၊ လေကြောင်းရန်ကာကွယ်ရေး၊  အကြမ်းဖက်အဖွဲ့အစည်းများနှင့်    တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်းများအား တားဆီးပိတ်ဆို့ခြင်းလေ့ကျင့်မှုများ ပါဝင်လေ့ကျင့် ခဲ့ကြောင်း၊ ၎င်းပူးပေါင်း စစ်ဆင်ရေးလေ့ကျင့်ခန်းမှာ အာမေးနီးယား၊ ဘယ်လာရုစ်၊ တရုတ်၊ မြန်မာနှင့် ပါစ္စတန်တို့မှ တပ်မတော်သားများ ပါဝင်လေ့ကျင့်ကြပြီး အဇာဘိုင်ဂျန်၊ အင်ဒိုနီးရှား၊ အီရန်၊  ကာဇက်စတန်၊ တာဂျစ်ကစ္စတန်နှင့် သီရိလင်္ကာ နိုင်ငံတို့မှ   လေ့လာသူများအဖြစ်  တက်ရောက်ခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က   မြန်မာ့တပ်မတော်အနေဖြင့်   ၎င်းနိုင်ငံတကာစစ်ရေး လေ့ကျင့်မှုတွင် ပါဝင်လေ့ကျင့်ခြင်းအားဖြင့်     (တစ်)မိမိတို့ ကျွမ်းကျင်မှုနယ်ပယ်အလိုက် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ (နှစ်)ခေတ်မီ စစ်လက်နက် ပစ္စည်းများကို  လက်တွေ့ကိုင်တွယ် အသုံးပြုနိုင်မှု အတွေ့အကြုံ၊ (သုံး)သမားရိုးကျ စစ်နည်းဗျူဟာများအား ခေတ်သစ်စစ်နည်းဗျူဟာများနှင့် ချိန်ထိုးပေါင်းစပ် အသုံးပြုနိုင်မည့် အတွေ့အကြုံ၊ (လေး)တပ်ဖွဲ့ဝင် အသီးသီး၏ Professional Skill ပိုမိုတိုးတက်မြင့်မားလာခြင်း၊ (ငါး)ပါဝင်လေ့ကျင့်မှုမှတစ်ဆင့်  ရရှိလာသည့် အတွေ့အကြုံများကို မိမိတပ်မတော်အတွင်း ပြန်လည်မျှဝေနိုင်ခြင်း၊ (ခြောက်)နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား၊ နိုင်ငံတကာတပ်မတော်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း၊ စက်တင်ဘာလ ၂၆ ရက်တွင် လက်တွေ့လေ့ကျင့်ခန်း ပြီးဆုံးမည်ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်တွင် သုံးသပ်ဆွေးနွေးမှုများ ပြုလုပ်ကာ လေ့ကျင့်ခန်းတစ်ခုလုံး   ပြီးဆုံးမည်ဖြစ်ကြောင်း ပြောကြားပြီး ကြိုတင်အကြောင်းကြားထားသည့်အတိုင်း မီဒီယာတစ်ခုချင်းအလိုက် အစဉ်လိုက်မေးခွန်းများ မေးမြန်းပေးပါရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားသည်။

Eleven သတင်းဌာနမှ သတင်းထောက် ဦးတိုးဝေဖြိုးက      COVID-19 ရောဂါ ကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေးနှင့်

ပတ်သက်ပြီး    အစိုးရနှင့်ပူးပေါင်းပြီး လုပ်ဆောင်တာလား၊ တပ်မတော်ဘက်က သီးခြားဆောင်ရွက်ခြင်းလားကို    သိချင်

ကြောင်း၊   နောက်ထပ်မေးခွန်းတစ်ခုက လက်ရှိအချိန်ထိ တပ်မတော်မှာ   COVID-19 ရောဂါ  Positive  တွေ့ရှိထားသည့် တပ်မတော်သားဦးရေမည်မျှရှိကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် တပ်မတော်ခေါင်းဆောင်များ၏ COVID-19 ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးကို မည်သို့စောင့်ကြည့်စစ်ဆေးမှုများ လုပ်နေခြင်းများရှိလဲ၊ နောက်ဆုံးမေးခွန်းတစ်ခုက ရခိုင်ပြည်နယ်တွင်  AA   အကြမ်းဖက်သောင်းကျန်းသူများနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဖမ်းဆီးခြင်း ခံခဲ့ရသည့် တပ်မတော်သားများနှင့်   ပတ်သက်ပြီး ပြန်လည်ကယ်ထုတ်ရန်     မည်သို့ဆောင်ရွက်ခြင်းမျိုးများ ရှိလဲ  သိချင်ပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက COVID-19 ရောဂါနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုကို   ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ဖောင်ကြီး၌ ဆောင်ရွက်နေသည့် ကိစ္စများ၊ လူနာများကို စစ်ဆေးပေးနေသည့် ကိစ္စများ၊ အခုနောက်ပိုင်း ရန်ကုန်တွင် Quarantine Center ၄ နေရာဖွင့်လှစ်ပြီး ဆောင်ရွက်ပေးနေမှုများမှာ  မိမိအစပိုင်းတွင်ပြောခဲ့သည့်အထဲ၌   တော်တော်များများပါရှိပြီး ဖြစ်ကြောင်း၊ Quarantine Center များနှင့် ပတ်သက်ပြီး မီဒီယာများကိုလည်း ပြောခဲ့ပြီး ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးတွင် Quarantine Center များကို ယခင်ကတည်းက ၁၆  ခု ဖွင့်လှစ်ထားရှိကြောင်း၊   ထိုနေရာများတွင်  လူဦးရေ ၈၀၀၀ ကျော် ၉၀၀၀ နီးပါးခန့်ထားရှိနိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလောလောဆယ်တော့ ၅၀၀ ဦးနှင့် ၆၀၀ ဦးကြားတွင်သာရှိကြောင်း၊ အဓိကကတော့ နေပြည်တော်နှင့် ရန်ကုန်တွင်သာ ဝင်ရောက်မှုများကြောင်း၊ နောက်ထပ်မေးခွန်းအနေဖြင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်  ရန်သူ့လက်ထဲအဖမ်းခံ ထားရသည့်သူများနှင့်    ပတ်သက်ပြီး ပြည်တွင်းသောင်းကျန်းမှုများ ရှိနေသည့် ကာလတစ်လျှောက်လုံးတွင် ထိုကိစ္စမျိုးကို ခဏခဏကြုံတွေ့ရကြောင်း၊ ယခုခေတ်မှသာ Online  များ ခေတ်စားလာပြီး လူသိရှင်ကြား ဖြစ်လာကြကြောင်း၊ ယခင်တုန်းက ဗကပနှင့်တိုက်ပွဲများဖြစ်သည့် အချိန်တွင် ဗကပဘက်က တပ်မတော်သားများကို ဖမ်းဆီးရမိမှုများ ရှိကြောင်း၊ ထိုသို့ရှိသည့်အချိန်တွင်  ၎င်းတို့အနေဖြင့် ဝါဖြန့်ချိရေးလုပ်ကြောင်း၊     ထိုခေတ်က ဗကပမှအသံလွှင့်ဌာန ထောင်ထားမှုများ ရှိကြောင်း၊ လွတ်လပ်သောမြန်မာ့အသံဆိုပြီး ထောင်ထားကြောင်း၊  ထိုအသံလွှင့်ဌာနမှ အမျိုးမျိုးသောဝါဒဖြန့်ချိမှုများ လုပ်ကြောင်း၊ ယခုအချိန်တွင် မိမိတို့ပြောလိုသည်မှာ တပ်မတော်သားများတင် မကဘဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တခြားနိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူလူထုများပါ AAအကြမ်းဖက်သောင်းကျန်းသူများ လက်ထဲတွင် အဖမ်းခံနေရသည့်လူများသည် ယခုအချိန်ထိရှိသေးကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး   လွတ်မြောက်ရေးစစ်ဆင်ရေးကို အမြဲတမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သတင်းများစုံစမ်း စစ်ဆေးပြီး ဆောင်ရွက်လျက်ရှိကြောင်း၊   တချို့နေရာများတွင် လူဦးရေအတိအကျ   မပြောနိုင်ပေမယ့် မိမိတို့စစ်ဆင်ရေး ဆောင်ရွက်ခဲ့မှုကြောင့် ပြန်လည်လွတ်မြောက်လာသည့် တပ်မတော်သားများရှိခဲ့ပြီးဖြစ်ကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်ပြီး မီဒီယာများက ခဏခဏ မေးမြန်းနေသည့်အတွက် တစ်ခါတည်း ပြောလိုက်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယခင်ကတည်းက လုပ်ထုံးလုပ်နည်းများ ရှိခဲ့ပြီးဖြစ်ကြောင်း၊ တပ်မတော်သားများ   ရန်သူ့လက်ထဲသို့ အဖမ်းခံရသည့် အချိန်တွင် တပ်မတော်သားများ၏ အခွင့်အရေး၊ လစာ၊ နေထိုင်ခွင့်များနှင့် ပတ်သက်ပြီး ရာခိုင်နှုန်းအလိုက် ပေးထားမှုများ ရှိကြောင်း၊  ပျောက်ဆုံးစာရင်းသာသွင်းပြီး ရာခိုင်နှုန်းအလိုက် ပေးထားမှုများ ရှိကြောင်း၊ ပြန်လည်၍ လွတ်မြောက်လာသည့် အချိန်တွင်လည်း လိုအပ်သည့် စစ်ဆေးမှုများ လုပ်ပြီး ယခင်တာဝန် ထမ်းဆောင်ခဲ့သည့် တပ်မှအပ ကျန်သည့်တပ်များသို့ ပြောင်းရွှေ့နေရာချထားမှုကို လုပ်ဆောင်ခဲ့သည်များ ရှိကြောင်း သို့မဟုတ်   လိုအပ်လာပါက ကျန်းမာရေးအခြေအနေအရ အငြိမ်းစားပေးသည့် ဝန်ထမ်းများရှိကြောင်း၊ မိမိတို့အနေဖြင့် ပြောနိုင်သည်မှာ  တပ်မတော်သားပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပဲဖြစ်ဖြစ်၊ ဝန်ထမ်းများပဲဖြစ်ဖြစ်၊ ပြည်သူလူထုပဲဖြစ်ဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် လူများနှင့် ပတ်သက်ပြီး လျစ်လျူရှုထားခြင်းမရှိကြောင်း၊ ၎င်းင်းတို့လွတ်မြောက်ရေး၊ အသက်ဘေးအန္တရာယ် ကင်းရှင်းစေရေး၊   ပြန်လည်လွတ်မြောက်စေရေးအတွက် မိမိတို့ရနိုင်သမျှ နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မိသားစုဝင်များနှင့် ပတ်သက်ပြီး   ဆက်လက်စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ COVID-19 ရောဂါနှင့်ပတ်သက်ပြီး   တပ်မတော်ခေါင်းဆောင်များကိုသာ စောင့်ရှောက်ပေးနေခြင်းမဟုတ်ဘဲ တပ်မတော်သားမိသားစုဝင်များ၊ တပ်မတော်သားများအားလုံးကို စောင့်ရှောက်ပေးလျက် ရှိကြောင်း၊ ယခင်ကတည်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားခဲ့သည်မှာ တပ်မတော်က နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်၍ မိမိတို့အနေဖြင့်  ဖျားနာနေ၍မရကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်ကထုတ်ပြန်ထားသည့် COVID-19 ရောဂါနှင့်  ပတ်သက်သည့် စည်းမျဉ်း စည်းကမ်းများအပြင်  မလိုအပ်ပါက အပြင်မထွက်ရန်၊ လိုအပ်သည့်သူမှသာ အပြင်ထွက်ရန်၊  ပြန်လာပါကလည်း စစ်ဆေးမှုခံယူရန်တို့ကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သည်   အဖွဲ့အစည်းဖြင့်နေခြင်း ဖြစ်၍ တပ်ရင်းတစ်ရင်းအတွင်းမှာ မိသားစုဝင်များ၊ စစ်သည်များသည် ဃဥဠှီု-၁၉ ရောဂါ COVID-19 နှင့်ပတ်သက်သည့်  စည်းမျဉ်းစည်းကမ်းများကို  ပိုမို၍   တိတိကျကျလိုက်နာစေလျက်ရှိပြီး  ပိုမိုပြီး  တိတိကျကျလိုက်နာအောင်လည်း ကြီးကြပ်လျက်ရှိကြောင်း၊ တပ်မတော်သားများအနေဖြင့် COVID-19 ရောဂါနှင့်ပတ်သက်ပြီး   တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းများတွင် ကုသလျက်ရှိသည့်အထဲတွင်  နောက်ဆုံးစာရင်းအရ ၂၁၃ ဦးရှိကြောင်း၊ ထိုအထဲတွင်တပ်မတော်သားများ၊ တပ်မတော်သားမိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များပါဝင်ကြောင်း၊ ဆေးရုံဆင်း လာသည့်ဦးရေမှာ  ၂၇   ဦးရှိကြောင်း ရှင်းလင်း ဖြေကြားသည်။

Sky Net  သတင်းဌာနမှ  သတင်းထောက် ဦးသွင်ထူးအောင်က တပ်မတော်အတွင်း  COVID-19 ရောဂါ လက်ရှိတွေ့ရှိထားသည်မှာ ၂၀၀  ဦးကျော်ရှိပြီး သေဆုံးသူမည်မျှရှိလဲ၊ သေဆုံးမှုဖြစ်စဉ်များ ပါရှိလားသိချင်ကြောင်း၊ နောက်မေးခွန်း တစ်ခုမှာ တပ်မတော်က အရပ်သားများကို စတင်ကုသပေးနေသည့်အချိန်တွင် ရန်ကုန်အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်  ကူးစက်မှုများပြားလာသည့် အတွက်  Stay   at   Home ထားသည့် နေရာများလည်း ရှိနေ၍  ဘယ်တိုင်းနှင့် ဘယ်ပြည်နယ်များတွင် စီစဉ်ထားမှုများရှိလဲ သိချင်ကြောင်း၊ နောက်ဆုံးမေးခွန်းမှာ အစိုးရနှင့်အတူ COVID-19 ရောဂါကုသ ရေးများတွင် တပ်မတော်အနေဖြင့်ပူးပေါင်း ဆောင်ရွက်မှုအခြေအနေနှင့် ပတ်သက်ပြီး ပြောပြပေးစေလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်တွင် COVID-19 ရောဂါနှင့်ပတ်သက်ပြီး သေဆုံးမှုမှာ ယနေ့အထိ ၅ ဦးရှိကြောင်း၊ ပထမတစ်ဦးမှာ ပါရဂူဆရာမကြီး ၁ ဦး အသက်ကတော့ ၆၅ နှစ်ရှိပြီး နား၊ နှာခေါင်း၊ လည်ချောင်းအငြိမ်းစား ပါရဂူတစ်ဦးဖြစ်ကြောင်း၊ ကျန်သည့် ၄ ဦးမှာစစ်မှုထမ်းဆဲလူနာများ ဖြစ်ကြောင်း၊ ထို ၄ ဦးက အများအားဖြင့် ကင်ဆာရောဂါအခံနှင့်နှလုံးရောဂါအခံရှိပြီး     ယခင်ကတည်းက ခဏခဏ ဆေးရုံတက်ရောက် ကုသနေသည့်သူများဖြစ်ကြောင်း၊  နောက်မေးခွန်းအနေဖြင့် ရန်ကုန်အပြင် ကျန်သည့်နေရာများတွင် ပြင်ဆင်ပေးမှုများမှာ မေလကပြုလုပ်သည့် တပ်မတော်သတင်းစာ ရှင်းလင်းပွဲ၌ တပ်မတော်အနေဖြင့် COVID-19 ရောဂါ

ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်မည့် စီမံချက်အား မီဒီယာများကို အသေးစိတ်ပြောခဲ့ပြီးဖြစ်ကြောင်း၊ ထိုအထဲတွင် အသေးစိတ်ပြောခဲ့ သလို တပ်မတော် အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုလုံးတွင် Quarantine ထားရှိမည့် CENTER များ၊ ကုသနိုင်ရန်အတွက် အဖွဲ့များကိုစီစဉ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ အဓိကပြောရမည်ဆိုရင် မေလကတည်းက အသည်းရောဂါကုဆေးရုံကြီး၌ စောင့်ကြပ်ကြည့်ရှုရမည့် လူနာများကို ထားရှိနိုင်ရန် ပြင်ဆင်ခဲ့ကြောင်း၊  မြန်မာနိုင်ငံ အလယ်ပိုင်းအတွက်ဆိုလျှင် မိတ္ထီလာခုတင်(၅၀၀)ဆေးရုံကိုပြင်ဆင်ထားကြောင်း၊ ရှမ်းပြည်နယ်အတွက်ဆိုလျှင်   အောင်ပန်းဆေးရုံကို ပြင်ဆင်ထားကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်းအတွက် မန္တလေး၌  ပြင်ဆင်နေကြောင်း၊ ပြင်ဦးလွင်ဆေးရုံကြီးတွင်လည်း ပြင်ဆင်နေကြောင်း၊ မိမိတို့အနေဖြင့် တပ်မတော်ဆေးရုံများ၊ တပ်မတော်စစ်မြေပြင် ဆေးတပ်ရင်းများတွင် စစ်သည်မိသားစုများကျန်းမာရေး၊ စစ်မှုထမ်းဟောင်းများကို စောင့်ရှောက်ပေးနိုင်ရေးအတွက် သာမကဘဲ လိုအပ်ရင်လိုအပ်သလို ကူညီပေးနိုင်ရေးအတွက် ICU  ခုတင်များ၊ စိုးရိမ်ဖွယ်ရာ လူနာ၊ မစိုးရိမ်ရသည့် လူနာများထားရှိနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ ယေဘုယျအားဖြင့်ပြောရမည် ဆိုပါကတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်     နောက်ပိုင်းလုပ်ဆောင်နေသည့် Positive Center ၄ ခု မပါ စိုးရိမ်ရလူနာ ၁၄၅ ဦး၊ မစိုးရိမ်ရလူနာ ၃၀၃၀ ဦး စုစုပေါင်း ၃၀၀၀ ကျော်အတွက် တပ်မတော်ဆေးရုံများ၊ ဆေးတပ်ဖွဲ့များတွင် ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း၊  အစိုးရနှင့်တပ်မတော် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဖောင်ကြီးဆေးရုံသို့ စေလွှတ်ထားသည့်ကိစ္စများ၊ ဆေးစစ်မှုများတွင် ကူညီဆောင်ရွက်ပေးနေသည့် ကိစ္စများ၊ ယခုနောက်ပိုင်း ရန်ကုန်တွင် ဖွင့်လှစ်ထားသည့် Positive Center၄ ခုတွင် ဆောင်ရွက်နေသည့်    ကိစ္စများသည် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်ပြီး Myanmar Insights News Agency သတင်းဌာနမှ သတင်းထောက်ဒေါ်ယမင်းဦးက တပ်မတော်က ငြိမ်းချမ်းရေး ဖော်ဆောင်သည့်နေရာတွင် ဖက်ဒရယ်စနစ်ဖော်ဆောင်ရာသွားသည့် နေရာ၌ သဘောထား ပြောင်းလာပုံဝေဖန်မှုအပေါ်ဘယ်လိုတုံ့ပြန်ချင် ပါသလဲဆိုတာ သိချင်ပါကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးသည့်အခါ ယုံကြည်မှုက အရေးကြီးသည်ကို အဘက်ဘက်ကပြောကြကြောင်း၊ ဒီလိုယုံကြည်မှုကို ရရှိဖို့အတွက် ဘယ်လိုအချက်တွေ လိုအပ်မလဲ၊ ဘယ်လောက်အထိအချိန် လိုအပ်မလဲဆိုတာ သိချင်ပါကြောင်း၊    အခုလက်ရှိငြိမ်းချမ်းရေးလမ်းကြောင်းကို လျှောက်လှမ်းတဲ့ အချိန်နှေးကွေးကြောင်း၊ ငြိမ်းချမ်းရေး လမ်းကြောင်းက တစ်ဆို့နေတယ်လို့ ယူဆကြောင်း၊ ဒီလိုမျိုးငြိမ်းချမ်းရေးမရသေးသည့်အတွက် အဓိကထိခိုက်နစ်နာသူက ပြည်သူလူထုတွေဖြစ်ကြောင်း၊ ဒီလိုဆုံးရှုံးမှု၊ ထိခိုက်နစ်နာမှုတွေဖြစ်တာသည် မည်သူ့မှာ တာဝန်ရှိလဲဆိုတာ မေးရမည်ဆိုလျှင် တာဝန်ရှိသူသည် အစိုးရလား၊ တပ်မတော် လား၊ လက်နက်ကိုင်အဖွဲ့လား၊ ဒါမှမဟုတ် ပြည်သူတွေမှာ တာဝန်ရှိတာလားဆိုတာကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပထမဦးဆုံးမေးခွန်းဖြစ်သည့် တပ်မတော်က ငြိမ်းချမ်းရေး ဖော်ဆောင်သည့်နေရာ၊ ဖက်ဒရယ်စနစ်ဆွေးနွေးသည့်နေရာမှာ သဘောထားတင်းမာတယ်လို့ ဝေဖန်နေတာကို ဘယ်လိုတုံ့ပြန်မလဲဆိုတာနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် ပြောပြီးသားဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်နှင့်ပတ်သက်ပြီး  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်ပြောပြီးဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်ဆိုတာကို အားလုံးချုံ့ပြီးပြောရရင် မျှဝေခံစားတာဖြစ်ကြောင်း၊ ဒါနှင့်ပတ်သက်ပြီး တပ်မတော်၏ လက်တွေ့လုပ်ဆောင်ချက်တွေ ကို ကြည့်ရင် သိနိုင်တယ်ဆိုတာ ပြောချင်ကြောင်း၊ နောက်တစ်ခုက တိုင်းရင်းသားတွေ ခဏခဏပြောနေသည့် လွှတ်တော်ထဲမှာ အများစုအနိုင်ရရှိသည့် တိုင်းရင်းသားများက ၎င်းတို့   တိုင်းရင်းသားဒေသတွေမှာ အစိုးရဖွဲ့စည်းရေး၊ ဝန်ကြီးချုပ်များရရှိရေးနှင့် ပတ်သက်ပြီး မိမိတို့တပ်မတော်ကပဲ ဦးဆောင်ပြီး အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းနှင့် ပတ်သက်ပြီး   မိမိတို့အနေဖြင့် NCA စာချုပ်ထဲမှာ ပါသည့်အတိုင်း ဖက်ဒရယ်နှင့် ပတ်သက်ပြီး လုပ်ဆောင် ဆောင်ရွက်နိုင်တာတွေ၊ ဖက်ဒရယ်နှင့် ပတ်သက်ပြီး ပေးနိုင်သည့် အခွင့်အရေးများကို မိမိတို့ပြောပြီးဖြစ်ကြောင်း၊ ထို့ကြောင့် လက်တွေ့ဖြစ်ရပ်များနှင့်  နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်   ပိုပြီးကောင်းမည်ဟု ပြောချင်ကြောင်း၊ ဒုတိယက မိမိတို့ပြောတာ ငြိမ်းချမ်းရေးဆွေးနွေးမှုတိုင်းမှာ  ယုံကြည်မှု အရေးကြီးတယ်၊ ယုံကြည်မှုသည် ဘာတွေလိုအပ်သလဲ၊ အချိန်ဘယ်လောက်လိုအပ်သလဲဆိုတာ ယုံကြည်မှုတည်ဆောက်ဖို့အတွက် မိမိတို့ခဏခဏ ပြောနေသည့်အတိုင်း လက်နက်ကိုင်စွဲပြီး ဆွေးနွေးနေသည့်ကာလပတ်လုံး   ယုံကြည်မှု တည်ဆောက်ဖို့ဆိုတာ ဖြစ်နိုင်စရာအကြောင်း မရှိဘူးလို့မြင်ကြောင်း၊ ပြဿနာတစ်ခုဖြစ်လာတဲ့အခါတိုင်း လက်နက်ကို ပြန်လည်ကိုင်ဆောင်ပြီး လက်နက်ကိုင် လမ်းစဉ်အတိုင်း ပြန်လည်ဦးတည်သွားမည်ဟု မြင်ကြောင်း၊ တပ်မတော်အနေဖြင့် NCA လမ်းကြောင်းပေါ်မှာပဲ ခိုင်ခိုင်မာမာ ရပ်တည်ထားကြောင်း၊ ပထမဦးဆုံးယုံကြည်မှု တည်ဆောက်နိုင်ဖို့အတွက် အပစ်အခတ်ရပ်စဲသွားရန် လိုအပ်ကြောင်း၊   အပစ်အခတ်ရပ်စဲသွားလျှင် ယုံကြည်မှု   တည်ဆောက်တယ်ဆိုတာ အဓိပ္ပာယ်ရှိကြောင်း၊ နောက်ဆုံးမေးခွန်း က ငြိမ်းချမ်းရေးလမ်းကြောင်းတွင် ပိတ်ဆို့နေတာ၊  ငြိမ်းချမ်းရေးမရသေးတာ မည်သူ့မှာတာဝန်ရှိလဲ၊ တပ်မတော်မှာတာဝန်ရှိလား၊ အစိုးရမှာတာဝန်ရှိလား၊ လက်နက်ကိုင်မှာ တာဝန်ရှိလား၊ ပြည်သူတွေမှာ တာဝန်ရှိလားဆိုတဲ့ မေးခွန်းနှင့်ပတ်သက်ပြီး မိမိပြောချင်တာက ပြည်သူမှအပ ကျန်တဲ့လူတွေ အားလုံးမှာ တာဝန်ရှိတယ်လို့ပြောချင်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်ပြီး  ပြည်ထောင်စုနေ့စဉ်သတင်းဌာနမှသတင်းထောက် ဒေါ်တင်တင်အေးက လက်ရှိရခိုင်မှာ လုံခြုံရေးနှင့် ပတ်သက်ပြီး တပ်မတော်က ဘာတွေလုပ်ဆောင်နေလဲဆိုတာကို ဖြေကြားလို့ ရနိုင်သည့် အခြေအနေများကို ဖြေကြားပေးစေလိုကြောင်း၊ နေပြည်တော်မှာတည်ထားကိုးကွယ်ရန်အတွက် ပြင်ဆင်နေသည့်ဘုရားကြီး ကိစ္စကိုရပ်ဆိုင်း ထားတာလား၊ COVID-19 ကာလ အရမ်းကူးစက်မှုမြန်နေတော့ ဘာတွေဆက်လုပ်နေလဲဆိုတာကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်နယ်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်ပြီး တပ်မတော်အနေနှင့် ယခင်ကတိုင်   ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည်၂၀၁၅ ခုနှစ်မတိုင်ခင်မှာ အဖြူရောင်နယ်မြေ၊ ငြိမ်းချမ်းသည့် နယ်မြေဖြစ်ခဲ့ကြောင်း၊ ပြီးမှ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ဝင်ရောက်သည့်အခါ တွင် ယခုအချိန်အထိ တိုက်ပွဲများဖြစ်ပွားနေပြီး အချို့နေရာများတွင်  အုပ်ချုပ်မှုယန္တရားတောင် ကောင်းကောင်း မလည်ပတ်နိုင်သည့်  အခြေအနေမျိုးဖြစ်နေတာရှိကြောင်း၊ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် ပတ်သက်ပြီး တပ်မတော် အနေဖြင့် သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး၊စစ်ဆင်ရေး ဆောင်ရွက်သည့်အခါ ခွဲခြားသိမြင်မှုတွင် အခက်အခဲများစွာ ကြုံတွေ့ရကြောင်း၊ စစ်သည်များအနေဖြင့် ရှေ့တန်းစစ်မြေပြင်တွင် စစ်ဆင်ရေးကိစ္စများ ဆောင်ရွက်သည့်အခါ  Rules  of  Engagement (ROE) အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အရပ်ဝတ်များ ဝတ်ဆင်ပြီး ရွာအတွင်း၌နေထိုင်ခြင်း၊ ရွာအတွင်းမှ ထွက်၍ မိုင်းထောင်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆောင်ရွက်နေမှုကြောင့်  တပ်မတော်အနေဖြင့် အရပ်သားနှင့်အကြမ်းဖက်သောင်းကျန်းသူများကို ခွဲခြားရန်  ခက်ခဲကြောင်း၊ တပ်မတော်အနေဖြင့် ခွဲခြားသိမြင်နိုင်မှုတွင် အခက်အခဲများ ကြုံတွေ့ရကြောင်း၊ သို့သော် တပ်မတော်အနေဖြင့် စစ်သည်များအားလုံး လိုက်နာရန်ချမှတ်ထားသည့် ROE အတိုင်း တိကျစွာလိုက်နာဆောင် ရွက်လျက်ရှိကြောင်း၊  နောက်မေးခွန်းတစ်ခုဖြစ်သည့် နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ရုပ်ပွားတော်ကြီးနှင့် ပတ်သက်ပြီး ရုပ်ပွားတော်မြတ်ကြီး၏ စကျင်ကျောက်တုံးတော် အစိတ်အပိုင်း အားလုံးကို စကျင်ကျောက်တောင်မှ ဆီမီးခုံဆိပ်ကမ်းအထိ အားလုံးသယ်ဆောင်ပြီး ဖြစ်ကြောင်း၊ နေပြည်တော်ကို ဆက်လက်သယ်ဆောင်နိုင်သည့်အခါ စကျင်ကျောက်တော်ကြီး၏ အကြီးဆုံးအစိတ်အပိုင်းမှာ တန်ချိန် ၁၀၀၀ ခန့်ရှိခြင်းကြောင့် အမြန်လမ်းပေါ်ရှိတံတားများတွင် ရှောင်ကွင်းလမ်းများ  ဖောက်လုပ်လျက်ရှိကြောင်း၊ ရှောင်ကွင်းလမ်းများပြီးစီးမည့် ခန့်မှန်းချိန်၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်သို့ အမြန်လမ်းမကြီးအတိုင်း   စတင်သယ်ဆောင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပယ်တော်မူမည့် နေပြည်တော်သို့ ရောက်ရှိသည့်အခါ ထုဆစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ၂၀၂၂ ခုနှစ်တွင် ရုပ်ပွားတော်မြတ်ကြီးကို အပူဇော်ခံနိုင်ရေးအတွက် မျှော်မှန်းပြီး ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်ပြီး  ပြည်ထောင်စုနေ့စဉ်သတင်းဌာနမှသတင်းထောက် ဒေါ်တင်တင်အေးက အဆိုပါ လုပ်ငန်းခွင်ကို ရပ်ဆိုင်းထားခြင်းရှိ၊ မရှိသိလိုကြောင်းမေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အဆိုပါလုပ်ငန်းခွင်အား  ရပ်ဆိုင်းထားခြင်းမရှိကြောင်းနှင့် ရှောင်ကွင်းလမ်းများ ဖောက်လုပ်

လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်ဖော်ပြပါမည်။