ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊  COVID-19  ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌  ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၂၈
    
COVID-19   ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေ စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ် ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြသိန်းတန်ကျောင်းတိုက်၊ ဘုရားကြီးကျောင်းတိုက်၊ ရတနာဒီပံသီလရှင် ကျောင်းတိုက်နှင့် မြဝတီသီလရှင်စာသင်တိုက်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်းနှင့် မိဘမဲ့မေတ္တာရိပ်မြုံပရဟိတဂေဟာ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့၊ မေတ္တာရံသီကျောင်းတိုက်၊ လောက်ကိုင်မြို့၊ မဟာမုနိဗဟိုသာသနာပြုကျောင်းတိုက်နှင့် ချမ်းမြေ့ဂုဏ်ဝေသီလရှင်စာသင်တိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကံသာ ရပ်ကွက်၊ အောင်မြေသာစည်ရွှေကျင်ကျောင်းတိုက်၊ လွိုင်လင်မြို့၊ ဓမ္မသုခဘုန်းတော်ကြီးကျောင်း၊ နမ့်စန်မြို့၊ ဇောတိကာရုံကျောင်းတိုက်နှင့် မြို့ဦးဘုန်းတော်ကြီးကျောင်း၊ ခိုလမ်မြို့၊ သီရိမင်္ဂလာ ကျောင်းတိုက်၊  ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ ဓမ္မပီတိ ကျောင်းတိုက်၊ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာ၊ ဖားအောက်တောရကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာ၊ မင်္ဂလာကန်ဦးကျောင်းတိုက်၊ လှည်းကူးမြို့နယ်၊ နိုဖာတောကျေးရွာ၊ ဇေတဝန်တပ်ဦးကျောင်းတိုက်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ သနပ်ချောင်း ကျေးရွာ၊ အေးစေတီကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ မုံပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ကျွဲတပ်ဆုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ စတုဘုမ္မိကမဂ္ဂင်ကျောင်း၊ ရေတာရှည်မြို့နယ်၊ စကွေးကျေးရွာ ဘုန်းတော်ကြီး ကျောင်း၊ ဘုရားကြီးမြို့၊ ယန္တရားတပ်ဦးဘုန်းတော်ကြီးကျောင်း၊ ပြည်မြို့၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ သိမ်ဦးဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြသည်။

ထို့အပြင်  COVID-19  ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ် စေရန်အတွက်  တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြုဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
    
ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရွှေညောင်မြို့၊ ရပ်စောက်မြို့၊ အောင်ပန်းမြို့၊ ဖယ်ခုံမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ပင်လောင်းမြို့၊ လွိုင်လင်မြို့၊ နမ့်စန်မြို့၊ ခိုလမ်မြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ သန်လျင်မြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို  COVID-19  ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျလက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့်ဆေးရည်များ၊ Mask များ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများ ဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာ ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။