COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ လာရောက်ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၈
    
တပ်မတော်အနေဖြင့် COVID-19  ရောဂါ ဝေဒနာခံစားနေရသော သံဃာတော် များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် အလှူငွေများကို ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမ၌ စေတနာရှင်အလှူရှင်များက လာရောက်ပေးအပ်လှူဒါန်းကြသည်။
ဦးစွာ အလှူရှင်များက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။     ထို့နောက် အလှူရှင်များဖြစ်ကြသည့် ဗိုလ်ချုပ် သန်းအောင်(ကျန်းမာရေးဝန်ကြီးအငြိမ်းစား) မိသားစုက အလှူငွေကျပ်သိန်း ၃၀ ကိုလည်းကောင်း၊ လူထုမိတ်ဆွေအများပိုင် ကုမ္ပဏီလီမိ တက်မှ တာဝန်ရှိသူတစ်ဦးက အလှူငွေကျပ်သိန်း ၂၀၀ ကိုလည်းကောင်း၊ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၇)ကျောင်းဆင်းအရာရှိများနှင့် မိသားစုများ ကိုယ်စား တာဝန်ရှိသူတစ်ဦးက အလှူငွေကျပ်သိန်း ၁၀၀ ကိုလည်းကောင်း အသီးသီးပေးအပ် လှူဒါန်းရာ တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။