နေပြည်တော်၊ စက်တင်ဘာ - ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ဧရာဝတီ မြစ်ရေမြင့်တက်လာမှုကြောင့် စက်တင်ဘာ ၂၇ ရက်တွင် မြစ်ကြီးနားမြို့ရှိ ကြက်ပေါင်ခြံ ရပ်ကွက်၊ လယ်ကုန်းရပ်ကွက်၊ ရမ်ပူရပ်ကွက်နှင့် မြို့သစ်ကြီးရပ်ကွက်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါရပ်ကွက်များရှိ ရေဘေးသင့်ပြည်သူများ သည် ရေဘေးကင်းလွတ်ရာ အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်း၊ အခြေခံပညာမူ လန်းလွန်ကျောင်း(ကြက်ပေါင်ခြံ)၊ ဆုထူးပန်ကျောင်းတိုက်နှင့် အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်း (လယ်ကုန်း)များ၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများအား ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ထမင်းဘူးများနှင့် စားသောက်ဖွယ်ရာများ သွားရောက် ထောက်ပံ့လှူဒါန်းသည်။
ထို့ပြင် တနိုင်းမြို့နယ်၊ ရှဒူဇွပ်ကျေးရွာအတွင်း မိုးကောင်းချောင်းရေမြင့်တက်ခဲ့ပြီး ယနေ့တွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် ရေမြင့်တက်မှုဖြစ်ပွားခဲ့သော ရပ်ကွက် များရှိ နေအိမ်များ၊ စာသင်ကျောင်းနှင့် အဆောက်အဦများ၌ နယ်မြေခံတပ်မတော်သား များက သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ ရေဘေးသင့်ပြည်သူများအား ၎င်းတို့၏နေအိမ် များသို့ ပြန်လည်ရွှေ့ပြောင်းပေးခြင်းနှင့် ရေသန့်ဘူးများနှင့် ထမင်းဘူးများ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။