သင်္ကန်းကျွန်းကြီး ရပ်ကွက်ရှိ မြသိင်္ဂီသီလရှင်သင်ပညာရေးကျောင်းသို့ ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများ လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ- ၂၈
COVID-19  ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကာလအတွင်း ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များ ဆွမ်း၊ ခဲဖွယ်အဆင်ပြေစေရေးအတွက် တပ်မတော်မှ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းကြီး ရပ်ကွက်ရှိ မြသိင်္ဂီသီလရှင်သင်ပညာရေး ကျောင်းသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မင်္ဂလာဒုံတပ်နယ်မှ တပ်မတော်သားများက ဆွမ်းဆန်တော် ၃၀ အိတ်၊ ဆီ ၁၀ ပိဿာ၊ ကုလားပဲ ၅၈ ပိဿာ၊ ငါးပိ ၃၀ ပိဿာ၊ နို့ဆီ၊ သကြားနှင့် လက်ဘက်ရည်ထုတ်များကို အဆိုပါသီလရှင်သင်ပညာရေးကျောင်းမှ သီလရှင် ဆရာကြီး ဒေါ်သီလဝတီ ထံ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။