နေပြည်တော်၊ စက်တင်ဘာ - ၂၉
COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကာလအတွင်း ဘုန်းတော်ကြီး ကျောင်းများရှိ ဆရာတော်၊ သံဃာတော်များ ဆွမ်း၊ ခဲဖွယ်အဆင်ပြေစေရေး အတွက် တပ်မတော်မှ ဆက်ကပ် လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပိန္နဲတောရပ်၊ ဇေယျဝတီ ပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက် ဖူးမြော်ကြည်ညို၍ သင်္ကန်း၊ ဆွမ်းဆန်တော်၊ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် အဆိုပါကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များအား တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့က ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။