နေပြည်တော်၊ စက်တင်ဘာ - ၂၉
COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံ တပ်ရင်းခန်းမ၌ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး နှင့် အဖွဲ့ဝင်များက ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။