နေပြည်တော်၊ စက်တင်ဘာ - ၂၉
မန္တလေးတိုင်းဒေသကြီးအတွင်း ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ညောင်ဦးမြို့ရှိ ရွှေစည်းခုံဘုရား တောင်ဘက်စောင်းတန်း အဝင်မုခ်ဦးရှိ အလျား ၂၀ ပေ၊ အမြင့် ၁၅ ပေရှိ အခန်းတစ်ခန်းအတွင်း မိုးရေများစိမ့်ဝင်ပြီး မုခ်ဦးပြိုကျ ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး လူနှင့်တိရိစ္ဆာန်များထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။
အဆိုပါနေရာသို့ ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဘုရားဂေါပကအဖွဲ့တို့ ပူးပေါင်း၍ အပျက်အစီး များ ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ၎င်းမုခ်ဦးသည် ၁၉၆၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ရှေးဟောင်း အမွေအနှစ်မဟုတ်ကြောင်း သတင်းရရှိသည်။