အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

နေပြည်တော်  စက်တင်ဘာ  ၂၉

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာ သင်ကြားနိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘောနတ်ကြီးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၊ကျောက်ကြီးမြို့နယ်၊ ညောင်တန်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၊ လိန်ပင်ကျေးရွာ၊ အလင်းရောင်ဘုန်းတော်ကြီး ကျောင်းနှင့် တောပုကျေးရွာဘုန်းတော်ကြီး ကျောင်းတို့၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ကျောင်းဝင်းများအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ စာသင်ခုံနှင့်ပရိဘောဂများ နေရာချထားပေးခြင်း စသည့်သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။