နေပြည်တော်၊ စက်တင်ဘာ - ၃၀
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေ စေရန်အတွက် တပ်မတော် (ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ် ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သရက်တောကျောင်းတိုက်၊ ရတနာပုံတောရကျောင်းတိုက်၊ တောင်သုံးလုံး ဇေတဝန်ကျောင်းတိုက်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဘုရားကြီးကျောင်းတိုက်နှင့် ပြည်လုံးချမ်းသာ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ မိုးကောင်းမြို့၊ မဟာတိလောကရာမ ပရိယတ္တိစာသင်တိုက်၊ ဥတ္တရာရုံကျောင်းတိုက်နှင့် သပြေပင်ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်း တိုက်၊ ဖားကန့်မြို့၊ ရောင်ခြည်ဦးသီလရှင်ကျောင်း၊ လုံးခင်းကျေးရွာ၊ သမိဒ္ဓေါဒယသီလရှင် ကျောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အဝေရာရာမကျောင်းတိုက်၊ ကျေးသီးမြို့၊ လွယ်ပေါ်ကျောင်းတိုက်၊ နမ့်စန်မြို့၊ လွယ်ကျန့်ကျေးရွာနှင့် နမ့်ဆွယ်ကျေးရွာတို့ရှိ ဘုန်းတော် ကြီးကျောင်းများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့၊ ကုက္ကိုလ်ခဘုန်းတော်ကြီးကျောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကော့ကလုတ်ကျေးရွာ၊ နန္ဒဝန်ဥယျာဉ်ကျောင်းတိုက်၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကျွန်းစုမြို့၊ ကမ်းကြီးကျေးရွာ၊ ပညာရာမကျောင်း၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာ၊ ညောင်ဇင်ကျောင်းသစ်ကျောင်းတိုက်နှင့် ငြိမ်းချမ်းရေးကျေးရွာ၊ ခရစ်ယာန်ဘာသာရေး ဘုရားရှိခိုးကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ အနန္တဂုဏ်ရည်ကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဇေယျာမင်္ဂလာကျောင်းတိုက်၊ တွံတေးမြို့နယ်၊ ကွမ်းခြံဝိုင်းရပ်ကွက်၊ နိဂြောဓါရုံကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဘုရားကြီးကုန်းကျောင်းတိုက်၊ ညောင်တုန်းမြို့နယ်၊ ရိုးကြီးကျေးရွာ၊ ဓမ္မသိဒ္ဓိပဝါရကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့၊ ကမ္မကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အနောက်အင်ဒိုင်းကျေးရွာ၊ မြေဖြူတောင် တိုင်းရင်းသားမိဘမဲ့ပရဟိတကျောင်း၊ ရေတာရှည်မြို့နယ်၊ ဝမ်းမကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ရွှေကျင်မြို့၊ ညောင်ဝိုင်းရပ်ကွက်၊ တောင်ပေါ် ဘုန်းတော်ကြီးကျောင်း၊ ပြည်မြို့၊ ရတနာမာန်အောင် ကွက်သစ်ရပ်ကွက်၊ ချမ်းမြသာစည် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြသည်။
ထို့အပြင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ် စေရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ အပါအဝင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ ဆီဆိုင် မြို့၊ ဘန်းယဉ်မြို့၊ ပင်လောင်းမြို့၊ ခိုလမ်မြို့၊ ကျေးသီးမြို့၊ နမ့်စန်မြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင်သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများကို COVID-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်း တာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျလက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလို လက်သန့်ဆေးရည်များ၊ Mask များ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများဖြန့်ဝေပေးခြင်း၊ အသံချဲ့ စက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။