တိုကျို-ရန်ကုန် ကယ်ဆယ်ရေး လေယာဉ်များ ပျံသန်းနိုင်ရန် စီစဉ်
ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ခြင်း မရှိသည့် မြန်မာနိုင်ငံသားများအား ခေါ်ယူရန် တိုကျို-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ် All Nippon Airways(ANA) လေကြောင်းလိုင်းကို ဧပြီ ၂၁ ရက်နှင့် ၂၈ ရက်တို့တွင် ပျံသန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ သိရသည်။
လက်ရှိတွင် ဧပြီလအတွင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် လိုက်ပါရန် လျှောက်ထားမှု များပြားလျက်ရှိပြီး ANA လေကြောင်းလိုင်းမှ ထိုင်ခုံအရေအတွက် ကန့်သတ်ထားမှုကြောင့် လျှောက်ထားသူများအား အစဉ်လိုက် ဦးစားပေး စီစဉ်လျက်ရှိသည်။ ဧပြီ ၂၁ ရက် နှင့် ၂၈ ရက်တို့တွင် ပျံသန်းမည့် ANA လေကြောင်းလိုင်း၏ ကယ်ဆယ်ရေး လေယာဉ်တွင် အသစ်ထပ်မံ လျှောက်ထားသူများ ပါဝင်မည် မဟုတ်ကြောင်း သိရသည်။
မြန်မာသံရုံးအနေဖြင့် မေလအတွင်း ပျံသန်းမည့် ကယ်ဆယ်ရေးလေယာဉ်များ၏ ခရီးစဉ်အား ANA ရုံးချုပ်နှင့်ညှိနှိုင်း၍ သိရှိပါက ပျံသန်းနိုင်မှု အခြေအနေများကို ထပ်မံအသိပေး ကြေညာမည်ဖြစ်ကြောင်း သိရသည်။