လျှပ်စစ်မီးလင်းရေးဖွင့်ပွဲနှင့် မြို့ရေပေးဝေရေးသီးသန့်လိုင်းဖွင့်ပွဲ တက်ရောက်

မကွေး  ဧပြီ   ၃

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ဇီးအိုင်ကျေးရွာအုပ်စု ဇီးအိုင်ကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပ ွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ  ထရန်စဖော်မာရှေ့၌ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်၍  မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ  ဦးမင်းမင်းဦးက လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းများက  လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး  လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က  ဇီးအိုင်ကျေးရွာ ၁၁ ကေဗွီ ဓာတ်အားလိုင်း၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးရွာမီးစတင် ထုတ်လွှတ်နိုင်ရေးအတွက် လျှပ်စစ်စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ဇီးအိုင်ကျေးရွာတွင် လျှပ်စစ်ဓာတ်အားရရှိရေး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေကျပ် ၅၁ ဒသမ ၄၄၀ သန်းဖြင့် ၁၁ ကေဗွီလိုင်း ၇၅၀ ပေ၊ ၁၁/သုည ဒသမ ၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံး၊   Sectionalizer နှင့်  Outfit Meter များ တပ်ဆင်တည်ဆောက်ခြင်း၊ ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း ၁ ဒသမ ၅ မိုင်တို့အား ချမ်းငြိမ်းသော်ကုမ္ပဏီက တာဝန်ယူ တည်ဆောက်တပ်ဆင်ပေးခဲ့သည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် မင်းဘူးမြို့ ဓာတ်အားခွဲစက်ရုံသို့ရောက်ရှိပြီး ဓာတ်အားခွဲစက်ရုံ ရှင်းလင်းဆောင်တွင် မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးမင်းမင်းဦးက မင်းဘူးမြို့ရေပေးရေးအတွက် ၂၄ နာရီ လျှပ်စစ်ဓာတ်အားရရှိရေးဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူတို့က ဧရာဝတီမြစ်ကမ်းနံဘေး  ခရိုင်မြို့နယ် စုပေါင်းရုံးအနီးရှိ မြစ်ရေတင်- ၁ မှ အနည်ထိုင်ကန်သို့ပို့ပြီး အနည်ထိုင်ကန်မှ မြစ်ရေတင်-၂ ဖြင့် ရပ်ကွက်သို့ မော်တာဖြင့်ရေတိုင် ၅၀၀ သို့ တိုက်ရိုက်ဖြန့်ဖြူးမှု၊ ကျောက်တန်းကျေးရွာ ဆာပွတ် ချောင်းဘေးတွင်  ရေတွင်းကျယ်တူး၍ ကျောက်တန်းရေစက် ထရန်စဖော်မာ-၁ နှင့် ထရန်စဖော်မာ-၂ တို့ဖြင့် လိပ်တောင်ရှိ ဂါလန်နှစ်သိန်းတန်ကန်သို့တင်ပြီး ွမလေငအပ စနစ်ဖြင့် ရေတိုင် ၃၄၀၀ သို့ ရေဖြန့်ဝေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က   လိုအပ်သည်များ   မှာကြားဆောင်ရွက်သည်။ ထို့နောက် ဓာတ်အားခွဲစက်ရုံရှိ မြို့ရေပေးဝေရေး သီးသန့်လိုင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ လျှပ်စစ်ဓာတ်သီးသန့်လိုင်းအား စက်ခလုတ်နှိပ်၍ ဓာတ်အား စတင်လွှတ်ပေးခဲ့သည်။

မင်းဘူးမြို့ရေပေးဝေရေးအဖြစ် ယခင် ပုံမှန်ဓာတ်အားရရှိချိန် ကျောက်တန်းရေစက်မှာ လေးရက်ခြားတစ်ကြိမ် ရေပေးဝေပြီး မြစ်ရေတင် ၁-၂ တို့မှ သုံးရက်တစ်ကြိမ် ရေပေးနိုင်ခဲ့သည်။ ယခုအလှည့်ကျဝန်အားလျှော့ချိန်တွင်   ကျောက်တန်းရေစက်မှ ရှစ်ရက်ခြားတစ်ကြိမ်နှင့် မြစ်ရေတင် ၁-၂ တို့မှ ခြောက်ရက်ခြားတစ်ကြိမ်သာ ပေးနိုင်သဖြင့် အများပြည်သူတို့တွင် ရေအခက်အခဲများဖြစ်ပေါ်ခဲ့ပြီး ယခုအခါ သီးခြား ၁၁ ကေဗွီလိုင်း တည်ဆောက်ပြီးစီးပြီဖြစ်၍ ယခင်ကအတိုင်း   ပုံမှန်ပေးဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။   

  သန်းနိုင်ဦး(ငဖဲ)