ဟိုပန် ဧပြီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) ဝ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ်အတွင်းရှိ နမ့်မုန်း-ပန်ကောက်-နမ့်ပီး-ပန်မော့ ကျေးရွာတို့သို့ ဆက်သွယ်ဖောက်လုပ်ထားသည့် လမ်းပိုင်းတွင် လိုအပ်လျက်ရှိသောပေ ၃၀ ကွန်ကရစ်တံတားတစ်စင်းအား နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၆၉ ဒသမ ၁၆၂
သန်းဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လတာကာလအတွင်း အကောင်အထည်ဖော်တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
(နယ်စပ်)