နေပြည်တော်၊ စက်တင်ဘာ - ၃၀
ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သဲကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကျောက်ကြီး တပ်နယ်မှ တပ်မတော်သားများက ကျောင်းဝင်းအတွင်း၊ အပြင်ရှိ ချုံနွယ် ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ စာသင်ခုံနှင့် ပရိဘောဂ များနေရာချထားပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးသည်။
အလားတူ ကျောက်ကြီးတပ်နယ်မှ တပ်မတော်သားများက ယနေ့နံနက်ပိုင်းတွင် ကျောက်ကြီးမြို့နယ်၊ ကျွန်းတောကျေးရွာနှင့် မီးတိုင်တောကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ လုပ်အားဒါနပြုဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။