တာချီလိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်အလုပ်သမားများအား စားသောက်ဖွယ်ရာများ ထောက်ပံ့

နေပြည်တော်၊ စက်တင်ဘာ - ၃၀
    
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကာလအတွင်း ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ပြီး တာချီလိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမား ၄၁ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တာကော်၊ ကွန်ဟိန်း၊ ခိုလမ်နှင့် နမ့်စန်မြို့များကို ဖြတ်သန်း၍ ၎င်းတို့၏ နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြသည်။ 
    
အဆိုပါ နေရပ်ပြန်အလုပ်သမားများအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေါင်မုန့်၊ ရေသန့်ဘူးများနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။