မြန်မာနိုင်ငံပြန်တမ်း

မြန်မာနိုင်ငံပြန်တမ်း

၀န်ထမ်းအဖွဲ့အစည်း  အကြီးအမှူး ပြောင်းရွှေ့ခန့်ထားခြင်း၊ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး အတည်ပြု ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး ခန့်ထားခြင်း

၁။   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့ (ပညာရေး) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ဆွေထွန်းကို လေ့လာဆန်းစစ် အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရား များကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ ပြောင်းရွှေ့ခန့်ထားလိုက်သည်။

၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာတင်ထွန်းကို အစမ်းခန့်ကာလ(၁)နှစ်ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြု ခန့်ထားလိုက်သည်။

၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ဥပဒေရေးရာ ဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်းအတွင်းဝန် (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဒေါက်တာသီတာစန်းကို ဥပဒေ မူကြမ်းစိစစ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင် ဆောင်ရွက်သည့်နေ့မှစ၍ အစမ်း ခန့်ထားလိုက်သည်။