ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြု လက်မှတ် ရုပ်သိမ်းကြောင်း အသိပေး ကြေညာခြင်း
ပြန်ကြားရေး ဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်လျှောက်ထားလာသူများကို စိစစ်ခွင့်ပြုပေးလျက် ရှိပါသည်။
ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြု လက်မှတ်ရယူထားသူ ဒေါ်လှိုင်လှိုင်သင်း (ရွှေလာဘ်စာပေတိုက်)သည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဂ)ပါ စည်းကမ်းချက်ကို လိုက်နာခြင်းမရှိဘဲ ညစ်ညမ်းစာများကို ထုတ်ဝေ ဆောင်ရွက်ခဲ့သည့်အတွက် ၎င်းအား ထုတ်ပေးထားသည့် ထုတ်ဝေခြင်း လုပ်ငန်း အသိအမှတ်ပြု လက်မှတ်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ(၅)ရက်နေ့မှစ၍ ရုပ်သိမ်းလိုက်ကြောင်းနှင့် ၎င်းစာပေတိုက် အနေဖြင့် မီဒီယာအမျိုးအစား တစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာ တစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသား ထုတ်ဝေဆောင်ရွက်ခြင်း မပြုရန် အသိပေး ကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန