သင်္ကြန်ရုံးပိတ်ရက်များ အတွင်း ပြည်ပ အလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) ထုတ်ပေးမည့် အခြေအနေအား အသိပေးကြေညာ
- အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်(OWIC) ပြုလုပ်ခွင့် လျှောက်ထားမှုများကို စိစစ်၍ အထောက်အထားပြည့်စုံသူများကို ရုံးဖွင့်ရက်များတွင် OWIC ပြုလုပ်ခွင့် ပေးလျက်ရှိပါသည်။
- ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်မည့်သူများ လုပ်ငန်းခွင်သို့ အချိန်မီ ဝင်ရောက်နိုင်ရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် ထုတ်ပေးရေးဌာန (မြောက်ဒဂုံ)တွင် သင်္ကြန်ရုံးပိတ်ရက်များ ဖြစ်သော ၂၀၂၂ ခုနှစ်၊ ဧပြီလ ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်နေ့များတွင်ပါ OWIC ထုတ်ပေးရေး လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန