၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရရှိ

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၂၀၂၁ ခုနှစ် အောက်တိုဘာ  ၁  ရက်မှ  ၂၀၂၂  ခုနှစ် မတ် ၃၁ ရက်အထိ ပင်လယ်ရေကြောင်းမှ ပဲမျိုးစုံ ၁၀၂၈၂၁၅ ဒသမ ၈၁၇ တန်တင်ပို့ပြီး   အမေရိကန်ဒေါ်လာ  ၇၈၀ ဒသမ ၁၅၆ သန်းရရှိကာ  နယ်စပ်ကုန် သွယ်ရေးမှ ၆၁၈၉၅  ဒသမ  ၉၂၄  တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၄၆၉ သန်းရရှိခဲ့သဖြင့်     စုစုပေါင်းပဲမျိုးစုံ ၁၀၉၀၁၁၁ ဒသမ ၇၄၁ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၃၀ ဒသမ ၆၂၅ သန်းရရှိခဲ့သည်။

ပြည်တွင်း၌ စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါနှင့် ကြံတို့စိုက်ပျိုး လျက်ရှိပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည်  ဒုတိယအများဆုံးဖြစ်ကာ ပဲမျိုးစုံအနေဖြင့်  တစ်နိုင်ငံလုံး  လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ ၃၃ ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

ပြည်ပသို့   ပဲမျိုးစုံတင်ပို့မှု အနေဖြင့် ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်က  ပင်လယ်ရေကြောင်းမှ ၁၂၄၂၇၇၅ ဒသမ ၂၃၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၉၆၆ ဒသမ ၄၀၇ သန်း၊ နယ်စပ်ကုန်သွယ်ရေးမှ ၇၈၆၉၂၀ ဒသမ ၆၅၁ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၆၀၄ ဒသမ ၃ သန်း ရရှိခဲ့ကြောင်း သိရသည်။       

စောယု