ပန်းပဲတန်းမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များ၏ ရာမဒန်လမြတ်ကာလတွင် ဥပုသ်ဝင်ရောက်ကြသူများအတွက် စားသောက်ဖွယ်ရာများနှင့် အလှူငွေများပေးအပ် လှူဒါန်း

ပန်းပဲတန်းမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များ၏ ရာမဒန်လမြတ်ကာလတွင် ဥပုသ်ဝင်ရောက်ကြသူများအတွက် စားသောက်ဖွယ်ရာများနှင့် အလှူငွေများပေးအပ် လှူဒါန်း

နေပြည်တော်၊ ဧပြီ - ၁၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစ္စလာမ်ဘာသာဝင်များ၏ ရာမဒန်လမြတ် ကာလတွင် ဉပုသ်ဝင်ရောက်ကြသူများအတွက် စားသောက်ဖွယ်ရာများကို ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွှန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ အင်းစိန်လမ်းပေါ်ရှိ သမိုင်းဂျာမေဗလီတွင် ဉပုသ်ဝင်ရောက်သူ  ၂၀၀ ဦး၊ တရားပေးဆရာ ၃ ဦး၊ ဗလီအကျိုးတော်ဆောင်အဖွဲ့ အဖွဲ့ဝင် ၁၀ ဦးတို့အတွက် စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူး  တို့က သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။