နှစ်(၅၀)ပြည့် မွန်အမျိုးသားဝတ်စုံ ရွှေရတုအထိမ်းအမှတ် အခမ်းအနား ကျင်းပ

နှစ်(၅၀)ပြည့် မွန်အမျိုးသားဝတ်စုံ ရွှေရတုအထိမ်းအမှတ် အခမ်းအနား ကျင်းပ

မွန်ပြည်နယ်အနေဖြင့် တိုင်းရင်းသား အချင်းချင်း ချစ်ကြည်လေးစားမှု ရှိစေရေး၊ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်းများ၊ မပျောက်မပျက် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရေး  နှစ်(၅၀)ပြည့် မွန်အမျိုးသားဝတ်စုံ ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ဆန်းရှိုင်းဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ကျင်းပရေး ကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များတက်ရောက်ကြသည်။

အခမ်းအနားတွင်  မွန်တိုင်းရင်းသားရိုးရာ တစ်ပင်တိုင်အက၊ ရွှေဟင်္သာမောင်နှံအက၊ ရာမညသီချင်းတို့ဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ပြီး နှစ်(၅၀)ပြည့် မွန်အမျိုးသား ဝတ်စုံ ရွှေရတုအထိမ်းအမှတ် အခမ်းအနားတွင်  မွန်အမျိုးသားဝတ်စုံ ဖော်ထုတ်ပြသနိုင်ရေး၊ မွန်တိုင်းရင်းသား လူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းများ မပျောက်မပျက် ထိန်းသိမ်းစောင့်ရှောက်ရေး တို့ကို တင်ပြကြသည်။

ထို့နောက်  ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး  ဦးခင်မောင်ဦးက  အမှာစကား ပြောကြားသည်။

ဆက်လက်၍ နှစ်(၅၀)ပြည့် မွန်အမျိုးသားဝတ်စုံ ရွှေရတု    အထိမ်းအမှတ် အခမ်းအနားကျင်းပရေး ကော်မတီဝင်များက ၁၉၇၁ ခုနှစ်တွင် မွန်အမျိုးသား ဝတ်စုံဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ၊  နှစ်(၅၀)ပြည့်  မွန်ပြက္ခဒိန် ထုတ်ဝေဖြန့်ဖြူးမှု  အကြောင်းအရာများကို ရှင်းလင်းတင်ပြသည်။

မွန်ပြည်နယ်အနေဖြင့်   တိုင်းရင်းသား အချင်းချင်း ချစ်ကြည်လေးစားမှုရှိစေရေး၊   စကား၊   စာပေ၊ အနုပညာ၊  ယဉ်ကျေးမှု၊  ရိုးရာဓလေ့ထုံးတမ်းများ၊ တိုင်းရင်းသား လူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်  လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများကိုလည်း အထူးအလေးပေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။