မြန်မာနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ဆောင်ရွက်နေသည့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းရပ်များ ဆွေးနွေး

မြန်မာနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ဆောင်ရွက်နေသည့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းရပ်များ ဆွေးနွေး

နေပြည်တော် ဧပြီ ၂၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းတွင်   ကမ္ဘောဒီးယားနိုင်ငံ  နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ရုံးအဖွဲ့ အကြီးအကဲဖြစ်သူ ံ H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အာဆီယံက မြန်မာနိုင်ငံသို့ ပေးအပ်မည့် လူသားချင်း စာနာမှုအကူအညီများ လက်ခံရယူရေး (Phase 2)နှင့်စပ်လျဉ်း၍ အာဆီယံဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံက မေလတွင် ကျင်းပမည့် ညှိနှိုင်း အစည်းအဝေးဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဆောင်ရွက်နေသည့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။