လားရှိုးမြို့၌ တစ်ပိုင်တစ်နိုင် ရောင်းချသော သစ်သီးဆိုင်များ ရောင်းအားလျော့နည်းလာ

လားရှိုး  အောက်တိုဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌  တစ်ပိုင်တစ်နိုင် ရောင်းချလျက်ရှိသော   သစ်သီးဆိုင်များတွင်  ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ရောင်းအားသိသာစွာ လျော့နည်းသွားကြောင်း   လားရှိုးမြို့  မန်ဆူဘုရားအနီး၌   သစ်သီး အရောင်းအဝယ်လုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။

''ကျွန်မတို့အနေနဲ့ သစ်သီးဆိုင်ဖွင့်ပြီး  ရောင်းချလာတာ နှစ်အတော်ကြာပါပြီ။ အရင်နှစ်တွေကတော့ ရောင်းရတာ အဆင်ပြေတယ်။ ဒီနှစ်ကတော့  အတော်လေးရောင်းအားကျသွားတယ်။   ဒေသထွက် အသီးအနှံတွေကို အဓိကထားရောင်းတာပါ။ ဒီနှစ်ဆိုရင် ချင်းတောင်ဒေသက ထွက်တဲ့ပန်းသီးတွေ  သယ်ယူရတာ အခက်အခဲရှိလို့ လားရှိုးကို အဝင်မရှိဘူး''ဟု သစ်သီးအရောင်းအဝယ်လုပ်ကိုင်သူက ပြောသည်။

နှစ်စဉ်ရာသီအလိုက်   လားရှိုးမြို့နယ်   စဉ့်အင်နှင့်တာပုလဲ၊ သီပေါမြို့နယ် ကုန်းသာကျေးရွာ၊ နမ္မတူမြို့နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် တန့်ယန်းမြို့နယ်တို့မှထွက်ရှိသော ရာသီပေါ်သစ်သီးများအား ဝယ်ယူရောင်းချလျက် ရှိရာ ရောင်းအား လျော့နည်းသွားကြောင်း

သစ်သီးအရောင်းအဝယ်   လုပ်ကိုင်သူ ဒေါ်နန်းခင်အေးထံမှ သိရသည်။