ဟိုင်းကြီးကျွန်း၊ စီးပွားရေး
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ရှိ မြေပဲစိုက်ပျိုးသူများအနေဖြင့် ယခုနှစ်မြေပဲရာသီတွင် ရာသီဥတုအခြေအနေကြောင့် မြေပဲဆွတ်ချိန် ပဲအနုစေ့များကာ အထွက်နှုန်းလျော့ကျသွားသော်လည်း မြေပဲအခြောက်ဈေးနှုန်းနှင့် ပဲဆီဈေးများ ကောင်းမွန်နေ သဖြင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရသည်။
ယခင်နှစ်က မျိုးမြေပဲဆန် ပြည် ၃၀ ပါ တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀၀ ဈေးရှိပြီး ပဲဆွတ်သည့်ရာသီတွင် မြေပဲတစ်တင်းလျှင် ငွေကျပ် ၈၀၀၀ မှ ၁၀၀၀၀ ဈေးဖြင့် ရောင်းချခဲ့ရပြီး ပဲဆီဈေးမှာ ၁၀ ပိဿာဝင် တစ်ပုံးလျှင် ငွေကျပ် ၆၅၀၀၀ မှ ၇၀၀၀၀ ဈေးအထိ ရောင်းချခဲ့ရသော်လည်း ယခုနှစ်တွင် မျိုးမြေပဲဆန်တစ်အိတ်လျှင် ငွေကျပ် ၁၃၀၀၀၀ ဈေးရှိကာ ပဲဆွတ်ရာသီ ယခုရက်ပိုင်းအတွင်း မြေပဲတစ်တင်းလျှင် ငွေကျပ် ၁၆၀၀၀ မှ ၁၈၀၀၀ အထိဈေးရှိပြီး ပဲဆီတစ်ပုံးကို ငွေကျပ် ၁၀၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။
(၄၀၇)