အိမ်မဲ၊ စိုက်ပျိုးရေး
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ဘုရားကြီးကုန်းကျေးရွာအုပ်စု ဆိတ်ချေးကုန်းကျေးရွာ တောင်သူဒေါ်သန်း ထွေး၏ လယ်ကွင်း-၃၅ ခ၊ ဦးပိုင် ၆၉/၆ ၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆန်လျှော်)ထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲကို ဇွန် ၁၂ ရက်တွင် ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိန်မောင်မြင့်က သစ်စိမ်းမြေသြဇာ (ပိုက်ဆန်လျှော်)ကို စိုက်ပျိုးထား ရှိကြောင်း၊ သစ်စိမ်းမြေသြဇာ ၁ ဧက စိုက်ပျိုးလျှင် သစ်စိမ်းမြေသြဇာ အစို ၇ တန်ထွက်ကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်ထွန်းဇော်နှင့် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်သူတို့မှ သစ်စိမ်း မြေသြဇာ (ပိုက်ဆန်လျှော်)ထယ်ထိုးမြေမြှုပ်ခြင်းကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသောတောင်သူများနှင့် စိုက်ပျိုးရေးကိစ္စများကို ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေးကြကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲပြန်/ဆက်)