ကမ္ဘာ့ကပ်ရောဂါ COVID-19  ဖြစ်ပွားနေသည့် ကာလအတွင်း ဒေသခံတောင်သူများ ရောင်းချရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဝယ်ယူ

နေပြည်တော်၊ အောက်တိုဘာ-၇

ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း သွားလာမှု များရပ်ဆိုင်းကာ သီးနှံများ ဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများ အနေဖြင့် ရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိခြင်းတို့ကြောင့် သီးနှံများ ပျက်ဆီးဆုံးရှုံးနိုင်သည့်အခြေအနေ များဖြစ်ပေါ်ခဲ့သည်။

ထိုသို့ အခက်အခဲဖြစ်ပေါ်နေသော အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေရှိ ဒေသခံ တောင်သူများ၏ စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင် သည့်ဈေးနှုန်းဖြင့် ရာသီသီးနှံများအား ဝယ်ယူပေးလျက်ရှိသည်။ထိုသို့ဝယ်ယူပေးလျက်ရှိရာ  ယနေ့တွင်  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေ မြို့နယ်၊ မှော်ဘီကျေးရွာနှင့် ပင်းတယမြို့နယ်၊ ဒေရဲအင်းကျေးရွာများရှိ စိုက်ခင်းများသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက သွားရောက်၍  ဒေသခံ  တောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ခရမ်းချဉ်သီး ၃၀၀၀ ပိဿာနှင့် ပန်းဂေါ်ဖီထုပ် ၆၀၀၀ ထုပ်တို့ကို ဝယ်ယူပေးခဲ့ပြီး ဒေသခံတောင်သူများ၏ အခက်အခဲများပေါ် မူတည်၍ သီးနှံများကို ဆက်လက်ဝယ်ယူ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။