နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့(၁၆)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့(၁၆)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော်၊ ဇွန် ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၆) ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က PDF အပါအဝင်အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင် အတွင်း ဝင်ရောက်လိုသူများနှင့် ပတ်သက်၍အသိပေးထုတ်ပြန်ရသည့် အခြေအနေ များ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တာဝန်မှကင်းကွာနေသော အခြေခံပညာရေး ဝန်ထမ်းများအား ပြန်လည်ဖိတ်ခေါ်ခြင်းနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကိုလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာကိစ္စရပ်များကို လည်း ကောင်း အသီးသီးရှင်းလင်းပြောကြားကြသည်။

သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ် ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည် တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက် များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်း ဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု တည်ဆောက်ရေးအခန်းကဏ္ဍတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်ဖြင့် ပါဝင်ဆောင်ရွက်စေလိုသည့် ဆန္ဒ၊ မိဘပြည်သူအချို့၏ အစိုးရ အပေါ် မေတ္တာရပ်ခံချက်၊ သား/သမီးချင်းကိုယ်ချင်းစာစိတ်နှင့် နိုင်ငံ့အကျိုးကို လိုလားသူများ၏ မျှော်လင့်ချက်များကြောင့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင် အတွင်း ဝင်ရောက်လိုသူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လက်နက် အပ်နှံပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်၍ ပြည်သူ့ဘဝကို ပြန်လည်ဝင်ရောက် စေနိုင်ရေး ဆောင်ရွက်ပေးခဲ့မှုများ၊ PDF အဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့မှုများနှင့် အဆိုပါ ဖြစ်စဉ်မျိုးသည် ၁၉၈၈ ခုနှစ် တပ်မတော်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့ တာဝန်ယူစဉ်အခါကလည်း ဖြစ်ပေါ်ခဲ့ဖူးသည့် သမိုင်းကြောင်းများ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ အကျိုးဆောင်နိုင်ရေးနှင့် မြှင့်တင်ဆောင်ရွက်ခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီနှင့် EAO များ တိုက်ရိုက်ဆွေးနွေးခြင်း၊ NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာ အောင်ဆောင်ရွက်ခြင်း၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များကို NCA လက်မှတ်ရေးထိုးနိုင်အောင် ရည်ရွယ်၍ ပစ်ခတ် တိုက် ခိုက်မှုလျော့နည်းလာစေရေးနှင့် နှစ်ဖက်သဘောတူညီချက်များရရှိရေး စသည့် လုပ်ငန်းစဉ်အလိုက် ချမှတ်ဆောင်ရွက်လျက်ရှိသည်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်း ချက်အပေါ် ဆွေးနွေးခဲ့ပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ချင်းအလိုက် တွေ့ဆုံဆွေးနွေးခဲ့မှုများ၊ ဆက်လက်ဆွေးနွေးသွားမည့်အစီအစဉ်များနှင့် ငြိမ်းချမ်း ရေးရရှိရန်အတွက် ငြိမ်းချမ်ရေးဆွေးနွေးပွဲသို့ ရောက်ရှိလာခြင်းမရှိသေးသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များအား တိုင်းပြည်အကျိုး၊ ဒေသအကျိုးအတွက် ငြိမ်း ချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ယခင်ဖိတ်ခေါ်ကမ်းလှမ်းချက်များ အတိုင်း ထပ်မံ၍ ဖိတ်ခေါ်ကမ်းလှမ်းထားမှုများ။

အချို့သောပညာရေးဝန်ထမ်းများသည် နိုင်ငံရေးသမားများ၏ သွေးထိုးလှုံ့ ဆော်မှုများကြောင့် CDM ပြုလုပ်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုများရှိခြင်း၊ ငြိမ်း ချမ်းစွာဆန္ဒပြမှုများတွင် ပါဝင်ခဲ့ခြင်းများကြောင့် စိုးရိမ်ကြောင့်ကျမှုများ ဖြစ်ပေါ် လာသဖြင့် တာဝန်မှကင်းကွာခဲ့မှုများရှိကြရာ ဆရာ၊ ဆရာမများ အနေဖြင့် သင်ကြား ရေးတာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက်  နောက်ဆုံးတာဝန်ထမ်း ဆောင်ခဲ့ရာ ကျောင်း၊ မြို့နယ်ပညာရေးမှူးရုံးသို့ ၎င်းတို့၏သဘောဆန္ဒအလျောက် သတ်မှတ်ပုံစံဖြည့်၍ အယူခံလွှာ တင်သွင်းသတင်းပို့ကြရန် အသိပေးကြေညာထား မှုများ၊ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွင်း အကြမ်းဖက်သမားများက ဆရာ၊ ဆရာမ များနှင့် ပညာရေးဝန်ထမ်းများအား အကြမ်းဖက်မှုကျူးလွန်ခဲ့မှုများနှင့် ကျောင်း အဆောက်အဦများအား ဖျက်ဆီးခဲ့မှုများကို video ဖိုင်များ၊ PowerPoint Presentation များဖြင့် ကျယ်ကျယ်ပြန့်ပြန့်  ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက် ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ပြီးစီးမှုနှင့် နိုင်ငံရေးပါတီများစစ်ဆေးခြင်း အပါ အဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း စဉ်များကို PowerPoint Presentation ဖြင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်း မှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်း ဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်းပြောကြားပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ မှီငြမ်းကိုးကားနိုင်ရေး အတွက် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ လက်နက်ကိုင်ဆန့်ကျင် လျက်ရှိသည့် အဖွဲ့အစည်းများမှ ဉပဒေဘောင်အတွင်းဝင်ရောက်လာသူများနှင့် ပတ်သက်၍ သတိပေးထုတ်ပြန်ရသည့် အချက်အလက်များ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ တာဝန်မှကင်းကွာနေသည့် အခြေခံပညာရေးဝန်ထမ်းများအား ပြန် လည်ဖိတ်ခေါ်သည့် အခြေအနေများ၊ ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားရှိရာ တက်ရောက်လာကြသူများက လိုက်လံကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်း ဖြေကြား­မှုအပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။