နေပြည်တော် ဇွန် ၂၃
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၇ နာရီတွင် အိုလံပစ်နေ့အထိမ်းအမှတ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများဖြစ်သော အမျိုးသား၊ အမျိုးသမီး မီတာ (၁၀၀)၊ မီတာ (၈၀၀)၊ အလျားခုန်၊ သံလုံးပစ်၊ လက်ဆင့်ကမ်းမီတာ (၁၀၀_၄) နှင့် အမျိုးသား၊ အမျိုးသမီး (Mix) လက်ဆင့်ကမ်းမီတာ (၁၀၀x၄) ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နေပြည်တော် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုကို လိုက်လံကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပရာ ပြေးခုန်ပစ် အမျိုးသမီး မီတာ (၁၀၀) ပြိုင်ပွဲ၊ အမျိုးသားမီတာ(၁၀၀)ပြိုင်ပွဲ၊ အမျိုးသမီး မီတာ(၈၀၀)ပြိုင်ပွဲ၊ အမျိုးသားမီတာ (၈၀၀) ပြိုင်ပွဲ၊ အမျိုးသမီး (အလျားခုန်)ပြိုင်ပွဲ၊ အမျိုးသား(အလျားခုန်)ပြိုင်ပွဲ၊ အမျိုးသမီး (သံလုံးပစ်) ပြိုင်ပွဲ၊ အမျိုးသား( သံလုံးပစ်) ပြိုင်ပွဲ၊ အမျိုးသမီး (လက်ဆင့်ကမ်း မီတာ ၁၀၀x၄) ပြိုင်ပွဲများတွင် ဆုရရှိသော အားကစားသမားများ အားတာဝန်ရှိသူများကလည်းကောင်း၊ အမျိုးသား (လက်ဆင့်ကမ်း မီတာ ၁၀၀x၄) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများအား ဒုတိယဝန်ကြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးလှိုင်က လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး (ငြထ) (လက်ဆင့်ကမ်း မီတာ ၁၀၀x၄) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများအား ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ဦးမင်းသိန်းဇံ ကလည်းကောင်း ငွေသားဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲ ၁ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(ဗ)၌ ဆက်လက်ကျင်းပလျက်ရှိသည့် အိုလံပစ်နေ့အထိမ်းအမှတ် တိုက်ကွမ်ဒို အားကစားပြိုင်ပွဲနှင့် ဂျူဒိုအားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲများဖြစ်သော အမျိုးသမီး (၄၅.၅၃) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး (၅၃.၅၇) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး (၅၇.၆၂) ကီလိုတန်း ပြိုင်ပွဲ၊ အမျိုးသား (၆၃.၆၈) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်း (ကကွက်) ပြိုင်ပွဲ၊ ဂျူဒိုအားကစားပြိုင်ပွဲများ ဖြစ်သော အမျိုးသမီး (-၅၂) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး (-၅၇) ကီလိုတန်းပတ်လည်
ပြိုင်ပွဲနှင့် အမျိုးသမီး (-၆၃) ကီလိုတန်း ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများအား တာဝန်ရှိ သူများက လည်းကောင်း၊ အမျိုးသမီး (-၇၀) ကီလိုတန်းပြိုင်ပွဲနှင့် အမျိုးသား (-၆၆) ကီလိုတန်း ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများအား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လည်းကောင်း၊ အမျိုးသား (-၇၃) ကီလိုတန်းပြိုင်ပွဲနှင့် အမျိုးသား (-၉၀) ကီလိုတန်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများအား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လည်းကောင်း ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကျော်လွင်