ယခုဘဏ္ဍာနှစ် နှစ်လကျော်ကာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ငါးသိန်းကျော်တင်ပို့ထား

ယခုဘဏ္ဍာနှစ်     နှစ်လကျော်ကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ငါးသိန်းကျော် တင်ပို့ ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ထိုသို့တင်ပို့ရာတွင်    ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၁၀ ရက်အထိ   ပြည်ပနိုင်ငံတို့သို့   အမေရိကန်ဒေါ်လာ  ၁၁၁ သန်းကျော်တန်ဖိုးရှိ  ဆန်တန်ချိန်  သုံးသိန်းတစ်သောင်းကျော်နှင့် အမေရိကန်ဒေါ်လာ   ၆၁  သန်းကျော် တန်ဖိုးရှိသည့်  ဆန်ကွဲတန်ချိန်တစ်သိန်း ကိုးသောင်းကျော်  တင်ပို့ထားခြင်းဖြစ်ပြီး   ဆန်နှင့်ဆန်ကွဲ တင်ပို့မှုများမှ   စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၇၃ သန်းကျော် ရရှိထားကြောင်း သိရသည်။

ယခုနှစ်အတွင်း   ဥရောပနိုင်ငံများမှ ဆန်နှင့် ဆန်ကွဲဝယ်လိုအား ကောင်းနေပြီး ဆန် FOB  ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့်   ဈေးနှုန်းပိုမို ရရှိနေသည့်အပြင် ယခင်နှစ်ကာလတူထက်လည်း   တင်ပို့မှု ပမာဏ ပိုမိုတိုးတက်လာကြောင်း    သိရသည်။

ပြည်တွင်းမှထွက်ရှိသည့် ဆန်နှင့်ဆန်ကွဲများကို တရုတ်နိုင်ငံ အပါအဝင် ပြည်ပနိုင်ငံတို့သို့ နယ်စပ် ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတို့မှတစ်ဆင့် တင်ပို့နေခြင်းဖြစ်ပြီး  ယခုနှစ်တွင် ဆန်နှင့်ဆန်ကွဲကို ဖိလစ် ပိုင်၊   ဘယ်လ်ဂျီယံနှင့်   တရုတ်နိုင်ငံတို့သို့ အများဆုံး တင်ပို့ထားခြင်း ဖြစ်ကြောင်း သိရသည်။                              

နဒီ