ဇေယျာသီရိမြို့နယ် စည်ပင်ကြီးကျေးရွာ၌ တိရစ္ဆာန်အစာ နေဗီယာမြက်သရုပ်ပြ စိုက်ပျိုးပွဲကျင်းပ

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ   တိရစ္ဆာန်အစာ နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲကို ဇေယျာသီရိမြို့နယ် စည်ပင်ကြီးကျေးရွာအုပ်စု   စည်ပင်ကြီးကျေးရွာ တောင်သူဦးကျော်ရင်၏ မြေကွက်၌ ဇွန် ၂၃ ရက်တွင် ကျင်းပသည်။                             

အဆိုပါ နေဗီယာမြက်စိုက်ပျိုးခြင်းကို  ဇေယျာသီရိမြို့နယ်  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များ၏ အထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်၊   မိရိုးဖလာမွေးမြူနည်းစနစ်မှ တိရစ္ဆာန်အစာပင်စိုက်ပျိုး၍ ရိတ်သိမ်း ကျွေးမွေးသည့်စနစ်သို့   ပြောင်းလဲကျင့်သုံးလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ရာ  သရုပ်ပြပွဲတွင် ဇေယျာသီရိမြို့နယ်  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာမြတ်စုခိုင်၊    အခြေခံတိရစ္ဆာန် ကျန်းမာရေးလုပ်သားများနှင့် တောင်သူများက တောင်သူ ဦးကျော်ရင်၏ သုည ဒသမ ၂၀ ဧကပေါ်၌ တိရစ္ဆာန် အစာပင် နေဗီယာမြက်များစိုက်ပျိုးကြသည်။   

ဇေယျာသီရိမြို့နယ်   မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ   တိရစ္ဆာန်အစာပင် တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး ဇေယျာသီရိမြို့နယ် အတွင်းရှိ   တောင်သူများအနေဖြင့် အဆိုပါ တိရစ္ဆာန်အစာပင်များ   စိုက်ပျိုးထုတ်လုပ် လိုပါက  ဇေယျာသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ဆက်သွယ်၍      စိုက်ပျိုးနိုင်ကြောင်း သိရသည်။                           

တင်ဆန်းဦး