ရမည်းသင်းမြို့နယ်၌ ယခုနှစ်တွင် ဝါဧက ၃ ၀၀၀ ကျော် လျာထားစိုက်ပျိုးမည်

ရမည်းသင်း ဇွန်  ၂၃

ယခုနှစ်တွင်   မန္တလေးတိုင်းဒေသကြီး   ရမည်းသင်းမြို့နယ် ၌   ဝါဧက   ၃၈၀၀၀ ကျော်  လျာထားစိုက်ပျိုးမည် ဖြစ်ကြောင်း ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး ဒုတိယဦးစီးမှူး ဦးသန်းဝင်း၏ ပြောကြားချက်အရ သိရသည်။

ရမည်းသင်းမြို့နယ်၌ မိုးကြိုဝါ၊ မိုးဝါ၊မိုးနှောင်းဝါ ဧက ၃၈၀၀၀ ကျော် လျာထားစိုက်ပျိုးလျက်ရှိကြောင်း၊ မိုးကြိုဝါကို မတ်လနှင့် မိုးဝါကို မေလလယ်မှစ၍ စတင်စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်ထိ ဧက ၂၂၀၀ ကျော်စိုက်ပျိုးပြီးစီးနေပြီဖြစ်ကာ    ကျန်ရှိသည့် ဧကများကိုလည်း ဆက်လက်စိုက်ပျိုးလျက်ရှိသည်။ စိုက်ပျိုးသည့် ဝါမျိုးများအနေဖြင့် ရွှေတောင် ၁၀ မျိုး၊ ရွှေတောင်ရှစ်မျိုးနှင့် ငွေချည်ခြောက်ဝါမျိုးတို့ကို  စိုက်ပျိုးခြင်းဖြစ်သည်။

ချည်မျှင်ရှည်ဝါက ကိုယ့်ဒေသနဲ့ ကိုက်ညီတယ်။ အဓိကကတော့ တောင်သူတွေ တခြားသီးနှံတွေရောင်းဝယ် တဲ့အခါမှာ   ဈေးကွက်အခက်အခဲရှိရင်တောင်    ဝါကဈေးကွက်အခက်အခဲ မရှိပါဘူး။ ဝယ်လိုအားရှိတာကြောင့် စိုက်ပျိုးရတာအဆင်ပြေပါတယ်ဟု ဦးသန်းဝင်းကပြောသည်။

ရမည်းသင်းမြို့နယ်၌ ဝါကို မိုးကြိုဝါ၊ မိုးဝါနှင့် မိုးနှောင်းဝါဟူ၍ တစ်ရာသီလုံးစိုက်ပျိုးထုတ်လုပ်ပြီး   ပြီးခဲ့သည့်နှစ်က ဝါ ၃၃၃၉၂ ဧကစိုက်ပျိုးခဲ့ကာ ယခုနှစ်တွင် ဝါဧက  ၃၈၀၀၀ ကျော် လျာထားစိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။

 လင်းကြည်လင်း