ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်

နေပြည်တော်၊ ဇွန် - ၂၆

ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ပိုင်းတွင် ပုသိမ်မြို့ရှိ မှန်စက်ရုံဝန်း၌  ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယတိုင်းမှူး တို့က ကျွန်းပင်နှင့် ခရေပင် တို့အား ဦးဆောင် စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများက ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပိတောက်၊ ခရေ၊ ပုန်းညှက်၊ မန်ဂျန်ရှား စသည့်ပျိုးပင် ၃၀၀၀ ပင်အား စုပေါင်းစိုက်ပျိုးပေးကြသည်။

ထိုသို့ စိုက်ပျိုးပေးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယတိုင်းမှူး တို့က လိုက်လံကြည့်ရှုအားပေးကြသည်။

ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၁ ခုနှစ် မိုးရာသီတွင် သစ်ပင် ၁၄၁၅၈၀၀ ပင် စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် ပျိုးပင် ၁၄၁၅၈၀၀ ပင် စိုက်ပျိုးသွားမည်ဖြစ်ကာ ယနေ့အထိ စိုက်ပျိုးပြီး ၁၁၁၅၅၆၁ ပင်နှင့် စိုက်ပျိုးရန်ကျန် ၃၀၀၂၃၉ ပင်ဖြစ်ကြောင်း နှင့် စိုက်ပျိုးရန်ကျန်ပင်များအား ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။