ညောင်ဦး၊ ကျန်းမာရေး
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ရှိ မူလတန်းကြိုကျောင်း၌ မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရန် ဇွန် ၂၅ ရက်က ညောင်ဦးမြို့ အမှတ် (၅)အရန်မီးသတ်တပ်ဖွဲ့က ပြည်သူ့အကျိုးပြု ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ညောင်ဦးမြို့ အမှတ်(၅) အရန်မီးသတ် တပ်ဖွဲ့ဝင်များက ကျောင်းဝင်းအတွင်းအပြင်ရှိ ခြင်ခိုအောင်းနိုင် သောနေရာများနှင့် စာသင်ကျောင်းဆောင်တို့ကို ခြင်ဆေးများ စနစ်တကျ ပက်ဖျန်းပေးခဲ့သည်။
ညောင်ဦးမြို့ အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့အနေဖြင့် နှစ်စဉ်မိုးရာသီတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် မြို့ပေါ် ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကင်းဝေးစေရန် ပြည်သူ့အကျိုးပြု ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ခြင်ဆေးဖျန်းလိုပါက ဒေသခံပြည်သူများအနေဖြင့် ညောင်ဦးမြို့ အမှတ် (၅) အရန်မီးသတ်တပ်ဖွဲ့ ဖုန်း-၀၉၄၀၁၃၄၄-၀၅၇ သို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)