စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မွေးမြူရေးဇုန် ၁၀ ခုဖြင့် တိရစ္ဆာန်ကောင်ရေ ၆၅၀၀၀၀ ကျော် မွေးမြူလုပ်ကိုင်လျက်ရှိ

မုံရွာ၊ မွေးမြူရေး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘို၊ မုံရွာ၊ ယင်းမာပင်နှင့်ကောလင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် စုစုပေါင်းမြေအကျယ်အဝန်း ၃၄၃ ဒသမ ၇၅ ဧကအကျယ်အဝန်းရှိသော မွေးမြူရေးဇုန် ၁၀ ခုဖော်ဆောင်ကာ တိရစ္ဆာန်ကောင်ရေ ၆၅၆၁၈၅ ကောင်မွေးမြူ လုပ်ကိုင်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

မွေးမြူရေးဇုန် ၁၀ ခုတွင် နွား ၇၈၅ ကောင်၊ ငုံး ၃၃၀၀၀၀ ကောင်၊ အသားစားကြက် ၁၂၅၀၀  ကောင်၊  ဥစားကြက် ၃၁၂၉၀၀ ကောင် စုစုပေါင်း ၆၅၆၁၈၅ ကောင်အား တိုင်းဒေသကြီးအတွင်း ဥ/အသား/နို့ထုတ်လုပ်မှုကဏ္ဍကို အထောက်အကူဖြစ်စေရန် မွေးမြူ ထားခြင်းဖြစ်သည်။

မွေးမြူရေးဇုန်များတည်ရှိမှုအနေဖြင့် မုံရွာခရိုင် မုံရွာမြို့နယ်အတွင်းရှိ ကျောက်စစ်ပုံကျေးရွာ၌ မြေအကျယ် ၁၂၃ ဒသမ ၄၅ ဧကအကျယ်တွင် ဥစားကြက် ၅၅၀၀၀ ကောင်ကိုလည်းကောင်း၊ မရိုးတောအုပ်စု သားပြေးရွာအနီး မြေအကျယ် ၅၈ ဒသမ ၇၇ ဧကအကျယ်တွင် ငုံး ၃၃၀၀၀၀ ကောင်ကိုလည်းကောင်း၊ လယ်ဇင်စံပြကျေးရွာ အနီး မြေအကျယ် ၁၅ ဒသမ ၅ ဧကအကျယ်တွင် နို့စားနွား  ၇၈၅  ကောင်ကိုလည်းကောင်း၊ ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ရွှေဘို-ကျောက်မြောင်းကားလမ်းဘေး မြေအကျယ် ၂၃ ဒသမ ၄၅ အကျယ်တွင် ဥစားကြက် ၆၉၅၅၀ ကောင်ကိုလည်းကောင်း၊ ရေဦးမြို့ (ရေဦး-တန့်ဆည်ကားလမ်းဘေး)မြေအကျယ် ၁၄ ဒသမ ၃၉ ဧက အကျယ်တွင် ဥစားကြက်   ၉၁၀၀   ကောင်ကိုလည်းကောင်း၊ ခင်ဦးမြို့ (ခင်ဦး-ရွှေဘိုကားလမ်းဘေး)တွင် မြေအကျယ် ၁၀ ဒသမ ၀၃ ဧကအကျယ်တွင် ဥစားကြက် ၅၂၀၀ ကောင်ကိုလည်းကောင်း၊ ကောလင်းခရိုင် ကန့်ဘလူမြို့နယ်  ဇီးကုန်းကျေးရွာတွင် မြေအကျယ် ၁၆ ဒသမ ၄၄ ဧကတွင် ဥစားကြက် ၆၅၄၀၀ ကောင်ကိုလည်းကောင်း၊ မြို့မကျေးရွာတွင် မြေအကျယ်  ၅၉ ဒသမ ၂၂ ဧကတွင် ဥစားကြက် ၉၄၇၀၀ ကောင်ကိုလည်းကောင်း၊ မြေအကျယ် ၂ ဒသမ ၅ ဧကတွင် အသားစားကြက် ၁၂၅၀၀ ကောင်ကိုလည်း ကောင်း၊ ယင်းမာ ပင်မြို့နယ်တွင် မြေအကျယ်ဧက ၂၀ တွင် ဥစားကြက် ၁၃၉၅၀ ကောင်ကိုလည်းကောင်း မွေးမြူထားကြောင်း သိရသည်။   

(၆၁၁)