နေပြည်တော်၊ အောက်တိုဘာ - ၁၁
ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ မြစ်ကြီးနားမြို့နှင့် တနိုင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများသို့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် COVID-19 ရောဂါကာကွယ် ရေးအထောက်အကူပြု ပစ္စည်းများကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့်အဖွဲ့ဝင်များက သွားရောက်ပေးအပ် လှူဒါန်းကြသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းတွင် နယ်မြေခံတပ်ရှိ ခါကာဘိုရာဇီ ရိပ်သာ၌ ပူတာမြို့ပြည်သူ့ဆေးရုံအတွက် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Surgical Mask ၂၅၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၂၀ စုံ၊ Hand Gel ၅၀ ဘူး၊ Surgical Glove ၁၅၀ နှင့် Faceshield ၂၀ ခုတို့ကိုလည်းကောင်း၊ အောက်တိုဘာ ၉ ရက်နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ မလိခ ရိပ်သာ၌ မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံအတွက် COVID-19 ရောဂါကာကွယ်ရေးအထောက် အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၃၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၂၅ စုံ၊ Hand Gel ၅၀ ဘူး၊ Surgical Glove ၂၀၀ ခုနှင့် Faceshield၂၀ ခုတို့ကိုလည်းကောင်း၊ အောက်တိုဘာ ၁၀ ရက်နေ့လယ်ပိုင်းတွင် နယ်မြေခံတပ်ရှိ ဟူးကောင်းလွင်ပြင်ရိပ်သာ၌ တနိုင်းမြို့ ပြည်သူ့ဆေးရုံအတွက် COVID-19 ရောဂါကာကွယ် ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Surgical Mask ၂၀၀၀ ခု၊ Personal Protective Equipment(PPE) ဝတ်စုံ ၂၀ စုံ၊ Hand Gel ၃၀ ဘူး၊ Surgical Glove ၁၀၀ ခုနှင့် Faceshield ၂၀ ခုတို့ကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။