ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ် ၂ ဒသမ  ၆ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ကီလို ၂၂၀ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ် ၂ ဒသမ  ၆ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ကီလို ၂၂၀ ဖမ်းဆီးရမိ

နေပြည်တော် သြဂုတ် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၈၆ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း  ကီလို ၂၂၀ ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၁ ရက် ည ၇ နာရီခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  နောင်ချိုမြို့နယ်  မန္တလေး-လားရှိုးသွားကားလမ်း မိုင်တိုင်အမှတ် ၇၉/၄ အနီး၌ မသင်္ကာဖွယ် ရပ်တန့်ထားသော ဆီဘောက်ဆာယာဉ်ကို တွေ့ရှိသဖြင့် လျှို့ဝှက်စောင့်ကြည့်နေစဉ် သြဂုတ် ၄ ရက် ညနေ ၃ နာရီခွဲတွင် ရပ်တန့်ထားသည့်နေရာမှ ကျောက်မဲဘက်သို့ မောင်းနှင်သွားသဖြင့် ဂုတ်တွင်းတံတားထိပ်တွင် တားဆီးရှာဖွေခဲ့ရာ မင်းဇော်ဦးနှင့် ချမ်းမြေ့ဇော်တို့အား မသင်္ကာ ဆီဘောက်ဆာယာဉ်ဖြင့် လည်းကောင်း၊ အောင်အောင်အား မော်တော်ဆိုင်ကယ်ဖြင့် လည်းကောင်း တွေ့ရှိရပြီး ဆီဘောက်ဆာယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် ၂ ဒသမ ၈၆ ဘီလီယံ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ကီလို  ၂၂၀  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား  ဥပဒေအရ  အရေးယူထားရှိပြီး   ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း   မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။