နေပြည်တော်၊ အောက်တိုဘာ - ၁၃
တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက် အလှူငွေများကို အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဧည့်ခန်းမဆောင်၌ အလှူရှင်များက လာရောက် ပေးအပ်လှူဒါန်းသည်။
ဦးစွာ ငွေရည်ပုလဲအုပ်စုကုမ္ပဏီ (Crown ဘိလပ်မြေစက်ရုံ)မှ ဦးစိန်မျိုးအောင်က လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ငွေကျပ်သိန်း ၃၀၀ ကိုပေးအပ် လှူဒါန်းရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ကာ ကျေးဇူးတင် စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။